အရူးတစ်ယောက် လက်ထဲက ပန်းသီး ( လူမော်ငြိမ်း )
ဖယောင်းတိုင်ကို မီးညှိပြီး ခဲတံကို ကိုင်ခဲ့တာ
ချစ်သူ့ရဲ့ နာမည်ကို ပီသအောင် ရေးနိုင်ဖို့ပါ ။
မျှော်နေ လင့်နေတဲ့ အချိန်မှာ ပွင့်တဲ့ ပန်းပေမယ့်
ဝင်ရိုးစွန်း တစ်ဖက်ခြမ်းစီက လူနှစ်ယောက်လို ။
ဝေဒနာကို မြိုချပြီး နှုတ်ဆိတ်နေရတဲ့ ညတွေ
အိမ် အပြန်လမ်းမှာ သေလုအောင် နွမ်းလျနေကျ ။
မမြင်သလို ကြည့်ခဲ့ ၊ မကြားသလို ပြောခဲ့တာ
ချစ်သူရဲ့ ဘဝမှာ ပျော်ရွှင်မှုနဲ့သာ စိမ်းလန်း စေချင်လို့ပါ ။
အလွမ်းတွေ နံရိုးလို အပြိုင်းပြိုင်း ကျနေတဲ့ ကာလ
အမှတ်တရကို အမှတ်တမဲ့ မေ့ပစ် လိုက်ဖို့က မလွယ် ။
အချစ်ကို ဘာသာတရား တစ်ခုလို မကိုးကွယ် ပေမယ့်
ချစ်သူရဲ့ ဘဝကို ငါ့ထက်ပို တန်ဖိုးထားခဲ့ ဖူးပါတယ် ။
လူမော်ငြိမ်း
Tuesday , May 31 , 2011
Comment #3
ကောင်း၏။
Comment #4
Very Good
Comment #6
share ခွင့်ပြုပါ
Comment #7
share ခွင့်ပြုပါခင်ဗျာ
Comment #8
Lots of interest in title.
lots of love in poem.
Comment #9
ဖယောင်းတိုင်ကို မီးညှိပြီး ခဲတံကို ကိုင်ခဲ့တာ
ချစ်သူ့ရဲ့ နာမည်ကို ပီသအောင် ရေးနိုင်ဖို့ပါ ။
အချစ်ကို ဘာသာတရား တစ်ခုလို မကိုးကွယ် ပေမယ့်
ချစ်သူရဲ့ ဘဝကို ငါ့ထက်ပို တန်ဖိုးထားခဲ့ ဖူးပါတယ် ။
(တကယ့်ကို လေးစားဖွယ် အရေးအသားလေးတွေပါလားဗျာ.. )
Comment #10
ကြိုက်တယ်ရှင်… ကဗျာလေးက ချစ်စရာလေးနော်
Comment #12
Feel again
Comment #14
ကိုလူမော် သတိရနေတယ်ဗျ
ပျောက်ချက် က 9 ကျော်တယ်ဗျာ
….
..
ကဗျာလေးတွေ လာတင်ပါဦးဗျို့
Comment #1
ကိုလူမော် သုံးတဲ့စကားလုံးတွေတကယ်သဘောကျတယ်
အရမ်းကောင်းတဲ့ကဗျာတစ်ပုဒ်ပါ
ခံစားချက်ကိုမြင်လိုက်ရသလိုပဲ..