ပတ်ဝန်းကျင် – နရီထက်
သစ်ရွက်စိမ်းစိမ်း အနေလှတော့
တောနက်ကြီးထဲ သစ်စိမ်းကြီးတွေ
မြွှေစိမ်းမြီးခြောက် အကြိုက်ပေါ့
ပုတ်သင်ညိုတွေ အရောင်ပြောင်းတော့
ပတ်ဝန်းကျင်က အလိုက်သင့်ကြည့်နေကြတယ်
အရောင်များနှင့် ဖားကလေးတွေ
စိုပြေလှပနေတော့…
အဆိပ်တွေ ကပ်ညှိပါလာတတ်တယ်
တောခြောက်တစ္ဆေတွေအလယ်
ငါနာမည်ကို ပြောပြချင်ဘူး
သူတို့တွေက ပြန်ခေါ်တတ်လို့ပါ
နေသာမျက်လှည့်ထဲ မိုးစက်တွေလက်ဝါးဖြန့်လိုက်တော့
မြင်လိုက်ရတဲ့… ငါ…
ထီးမပါလာတဲ့… ငါ့လက်..
………………. ငါ့ပါးစပ်က…
တောက်… တောက်… မြည်သံတွေ နှိုင်းဆတတ်လာတယ်
လေပြေကြည်နူးခွင့် စိတ်ကလေးပြေတော့
မုန်တိုင်းထန်ထန် လေပြေကြမ်းကို နှင်ထုတ်ခွင့်ပေးချင်တယ်
လေဟာနယ်ထဲ ပြေးလွင့်ခွင့် မပေးတဲ့ကမ္ဘာကြီးက
သူ့ဆွဲအားနှင့် ငါတို့တွေကို ရပ်တည်ခွင့်ပေးထားတယ်။ ။
နရီထက်
( ၀၁ ၊ ဇွန်လ ၊ ၂၀၁၁ )
Comment #2
Thank you ပါ… ချစ်ညီလေး သူရရေ
![commentinfo](https://www.poemscorner.com/wp-content/themes/poemscorner/images/comment.png)
Comment #3
အားပေးသွား ပါတယ် အစ်ကို နရီထက်ရေ…………..။ ။
![commentinfo](https://www.poemscorner.com/wp-content/themes/poemscorner/images/comment.png)
Comment #4
Thank you, Zaw Thet Oo
![commentinfo](https://www.poemscorner.com/wp-content/themes/poemscorner/images/comment.png)
Comment #5
အရမ်းကိုကောင်းတယ်အကိုကြီးးးးးဒီကဗျာလေးကအရင်ကနဲ့မတူဘဲခွဲထွက်နေတယ်နော်..ခံစားချက်လေးတွေပြောင်းနေတယ်နော်အကိုကြီးးးးးးးးးးးးးးအားပေးသွားတယ်
![commentinfo](https://www.poemscorner.com/wp-content/themes/poemscorner/images/comment.png)
Comment #6
Thank you ပါ… ငါ့ညီမငယ်…
![commentinfo](https://www.poemscorner.com/wp-content/themes/poemscorner/images/comment.png)
Comment #1
ကိုကြိး ဒိကဗျာ အရင်ကဗျာတွေနဲ့ သိမ်မတူဘူးနော် အရေးအသား ကောင်းတယ်။ပိးတော အိုင်ဒိယာ ကလည်း ဆန်းတယ်။ခိုက်တယ် ဗျာ ဒိအပှဒ်လေးတွေ ပိုကြိုက်တယ်..သစ်ရွက်စိမ်းစိမ်း အနေလှတော့
တောနက်ကြီးထဲ သစ်စိမ်းကြီးတွေ
မြွှေစိမ်းမြီးခြောက် အကြိုက်ပေါ့
ပုတ်သင်ညိုတွေ အရောင်ပြောင်းတော့
ပတ်ဝန်းကျင်က အလိုက်သင့်ကြည့်နေကြတယ်
အရောင်များနှင့် ဖားကလေးတွေ
စိုပြေလှပနေတော့…
အဆိပ်တွေ ကပ်ညှိပါလာတတ်တယ်တောခြောက်တစ္ဆေတွေအလယ်
ငါနာမည်ကို ပြောပြချင်ဘူး
သူတို့တွေက ပြန်ခေါ်တတ်လို့ပါလေပြေကြည်နူးခွင့် စိတ်ကလေးပြေတော့
မုန်တိုင်းထန်ထန် လေပြေကြမ်းကို နှင်ထုတ်ခွင့်ပေးချင်တယ်..အင်း အဲ့အပှဒ်လေးတွေကို ပိုသဘောကျတယ် ကိုကြိး ဆက်အားပေးနေမဲ့ နော်။