ခေတ်သစ်ယဉ်ကျေးမှု
ဟေ့သည်မှာ…
ကာကွယ်မှုဆိုတာ
ရင်ဆိုင်နိုင်စွမ်းမရှိခြင်းတစ်မျိုးပဲ
အတုအယောင်တွေနဲ့
မာယာမြူဝေနေတဲ့လောကမှာ
ဘယ်အရာကများ
မျက်နှာထားရှင်းလို့လဲ။
(အားလုံးဟာကိုယ့်အဆိပ်နဲ့ကိုယ်
ချွန်ရှထက်မြိတယ်ဆိုတာကိုတော့
မမေ့နဲ့ပေါ့)
တစ်ပါးသူရဲ့ 
အဆီကိုစားအသားကိုမြိုတာထက်
ကိုယ့်လက်ကိုယ်ပြန်ဖောက်
ကိုယ့်သွေးကိုယ်ပြန်သာသောက်လိုက်ချင်ရဲ့ 
ကိုယ့်လမ်းကိုယ်အမှောင်ချ
တိတ်ဆိတ်တဲ့သုညကိုပဲ
သဘောကျနေတာလူညံ့မဟုတ်ဘူး
နီယွန်ခေတ်ကကဗျာတွေကို
မလိုမလားမခံစားနိုင်သူတွေ……
ကိုယ်တိုင်မပျော်ဝင်ဖူးဘဲ
အရူးလို့ပြောမနေကြနဲ့
ခင်ဗျားတို့သိအောင်တစ်ခုတော့
ပြောခဲ့ရမယ်ဗျ
အနုပညာဟာအနုပညာ
ကိုယ်တိုင်ဖန်တီးရတဲ့ဘာသာဗေဒပဲ။
မိုးသစ်လေပြေ
Comment #4
အားလုံးကိုကျေးဇူးပါ ကျွန်တော် အခုမှ ၁၆နှစ်ပဲရှိပါသေးတယ် အစ်ကိုလူမော်ငြိမ်းရေ အရှေ့က “ကို”ဆိုတာကြီးကို မြင်ရင် ကိုယ့်ဘာသာကိုယ် မလုံမလဲဖြစ်လာလို့ပါ 😀
Comment #5
ငယ်ငယ်လေးနဲ့ တော်တယ်နော်
ကဗျာပေါ်သက်ဝင်ခံစားမှုအရမ်းကောင်းပါတယ်
Comment #6
ကျေးဇူးပါ အစ်မး)
Comment #1
မိုးသစ်လေပြေ….
ကိုယ်တိုင်ဖန်တီးရတဲ့ဘာသာဗေဒပဲ။
ဟုတ်တယ်ဗျာ…အ၇မ်းကောင်းတယ်