ဒီလိုလေးပဲ..ချစ်နေသွားမယ်(genius)
အရမ်းကိုသတိ၇ လွမ်းဆွတ်လို့
ငါ မျက်၇ည်ကျမိတာပါ။
တမ်းတမှုတွေ ပြည့်နှက်နေလို့
ရင်တွင်းစကားများကို
ကဗျာအဖြစ် ဖန်တီးမိတာပါ။
မြတ်နိုးတန်ဖိုးထားလွန်းလို့
မင်း ဓါတ်ပုံလေးကိုတောင်
ယနေ့အချိန်ထိ
မနမ်းမိပါဘူး……ချစ်ရသူ။
အချိန်နာ၇ီက အိပ်ချိန်ရောက်နေပေမယ့်
ငါ့ ချစ်ခြင်းတွေက
မျက်လုံးတွေကို ကြောင်နေစေတယ်။
ဒါတောင်….,
ယောင်ပြီး အိပ်မောကျသွားရင်
အိပ်မက်ထဲမှာ
မင်း ဒေါသထွက်လို့
စိတ်မကောင်းဖြစ်၇တာလည်း အခါခါ။
သြော်….ဒီလိုနဲ့ပဲ
နေထွက်လာ…။
ဒီလိုနဲ့ပဲ
နေ၀င်သွား…..။
ကျွန်တော်လည်း
ဒီလိုနဲ့ပဲ
ချစ်လာ…..။
ဒီလိုနဲ့ပဲ
ချစ်သွား….။
ဒီလိုနဲ့ပဲ
ချစ်နေဦးမှာပါပဲ……….။
Comment #2
မြတ်နိုးတန်ဖိုးထားလွန်းလို့
မင်း ဓါတ်ပုံလေးကိုတောင်
ယနေ့အချိန်ထိ
မနမ်းမိပါဘူး……ချစ်ရသူ။
အချိန်နာ၇ီက အိပ်ချိန်ရောက်နေပေမယ့်
ငါ့ ချစ်ခြင်းတွေက
မျက်လုံးတွေကို ကြောင်နေစေတယ်။
အားပေးသွားပါတယ်ဗျာ….။
ဆက်ပြီးချစ်နိုင်ပါစေ…။
Comment #3
အားပေးတဲ့.မောင်နှမများကျေးဇူးပါ။
Comment #4
ခံစားချက်လေး…မိုက်တယ်ဗျာ…အားပေးသွားပါတယ်.
Comment #6
wow,,,,
he,,he,,,
i like so much.
Comment #7
!_!
!_!
!_!
Comment #1
…………………မောင်လေး အားပေးသွားတယ်…………