ဆွေး (sharon )
တွေ့ဆုံမှုမှာ
တစ်ခါတစ်လေ
အခါမလည်သေးတဲ. ကလေးတစ်ယောက်ရဲ.စိတ်ထားမျိုး
ငါကတော့လေ
ထပ်ခါထပ်ခါရူးသွပ်မှုမှာ
မင်းကိုဖြေရှင်းချက်ပေးဖို.စဉ်းစားမိတိုင်း
မျဉ်းကြောင်းတွေကကွေးကွေးကောက်သွားတတ်လွန်းလို့
အရာရာကိုအလွယ်တကူဆုံးဖြတ်ဖို့
ငါမင်းကိုမမေ့နိုင်ဘူး
ပူလောင်တဲ.နင်.အချစ်ကိုမှ အမြတ်တနိုးဖြစ်နေမှတော.
နင့်စကားလုံးတွေပြင်းထန်နေလည်း
စမ်းချောင်းလေးအဖြစ်ဖန်တီးရင်း
နားလည်မှုဆိုတာ
ချစ်သူတွေကြားအရေးကြီးဆုံးပေါင်းကူးတံတား
ကြိုးတစ်ချောင်းလို.
ငါ …………..
နားလည်ထားတယ်
အလွမ်းတွေကိုကြံဖန်ထုဆစ်ယူတာလည်းမဟုတ်ပဲနဲ.
ငါ့အတွက်ကတော့
နေ.ရက်တွေမှာ
မွန်းကြပ်တဲ.အလွမ်းတွေပဲရရှိနေတော.
ရင်ဘတ်ကြွေနေရတယ်
ပက်သက်မှု တစ်ခုဆီယောင်ရမ်းကြည့်လိုက်တော.လည်း
တောင်တွေကသိပ်မြင့်နေခဲ့တယ်
လွမ်းဆွတ်မှုကိုပြောပြဖို့ကြတော့လည်း
ဒဏ်ရာတွေသာချုပ်ရိုးထပ်လို.
ငါ့အိပ်မက်တွေကအဆိပ်သင့်နေရတယ်
တိတ်တိတ်ဆိတ်ဆိတ် ငြိမ်ငြိမ်သက်သက် ဆိုပေမယ့်
နာနာကျင်ကျင်
မချိမဆန်.အလွမ်းတွေ
ဟန်နီရေ
ငါ့နေ့တွေမှာ
“မင်းကိုလွမ်းလိုက်တာ”
Comment #2
မှန်ပါ့… မှန်ပါ့
Comment #3
ဟန်နီရေ
ငါ.နေ.တွေမှာ
“မင်းကိုလွမ်းလိုက်တာ”
Comment #6
လွမ်းဆွတ်မှုကိုပြောပြဖို.ကြတော.လည်း
ဒဏ်ရာတွေသာချုပ်ုရိုးထပ်လို.
ငါ.အိပ်မက်တွေကအဆိပ်သင်.နေရတယ်
စာသားတွေကောင်းတယ်ဗျာ…အားပေးသွားပါတယ်
Comment #7
“မင်းကိုလွမ်းလိုက်တာ”
…………………………………
အားပေးသွားတယ်
Comment #8
nice poem.
Comment #9
thanks ei 😛
Comment #10
lwan yone pe lwan tar so taw tay de.
yin par like khone dot kyar yin dot heart-attack phyit p hospital hmar pe nay ya dot me,,,
Comment #11
🙁
🙁
🙁
Comment #12
🙂 ဒီလိုနေ
ကျေးဇူးပြုပြီး 🙂 ဒီလို
Comment #13
🙁
🙁
ya bu dot.
:'(
:'(
Comment #15
Ta nya lone kyoe sarr pi p.
Ya bu,,chit myoe yae.
:'(
:'(
Comment #1
နားလည်မှုဆိုတာ
ချစ်သူတွေကြားအရေးကြီးဆု့းပေါင်းကူးတံတား
ကြိုတစ်ချောင်းလို.
ငါ …………..
နားလည်ထားတယ်