ငါ့ ရဲ့…
ကောင်မလေးေ၇…
ဒါ.. ကဗျာတော့မဟုတ်ဘူး.
နှလုံးသားထဲက ဒဏ်ရာတွေကို
အမှတ်ယနေစေမယ့်.. စာ ပါ ။ ။ ။
မထင်မှတ်ပဲ စခဲ့တဲ့ တို့နှစ်ယောက်ရဲ့ ဇာတ်လမ်း
အမှတ်မထင်ပဲ အဆုံးသတ်သွားမယ်ဆိုတာ သာ သိခဲ့ရင်…
ငါ ဒီအတိုင်းလေးပဲ ရပ်နေမိမယ်..
ဆက်လျှောက်ပါ ..ကောင်မလေး
မင်းသဘောကျ ဆက်သာလျှောက်ပါ…
ကောင်မလေး…
မင်း မချန်ခဲ့ခင်ကတည်းက
ငါ ကချန်နေခဲ့ချင်ပြီး …
မင်း ထားခဲ့၇င်တောင်
ငါ တားဖို့ အစီအစဉ်မရှိ ခဲ့ပါဘူး…
ဟုတ်ပါတယ်…ကောင်မလေး
တချိန်က မင်းကို သိပ်ချစ်ခဲ့တယ်…
မဟုတ်သေးဘူး..ဒီထက်ပိုပြီး ချစ်ခဲ့တယ်…
မဟုတ်သေးဘူး… အရာအလုံးထက်ပိုပြီးချစ်ခဲ့ရပါတယ်…
ငါ ဝန်ခံပါတယ်…ကောင်မလေး
ဒါပေမယ့်…
ခပ် ယဲ့ယဲ့ ငါ့ နှလုံးသားနဲ့ မာန ကို
နင်းခြေ သတ်ဖြတ်ခဲ့တဲ့ မင်းရဲ့ရှေ့မှာ
နောက်တကြိမ်ပြန်ပြီး
ဒူးထောက်လောက်ရအောင်
ငါ မမိုက်မဲ ပါရစေနဲ့တော့… ကောင်မလေးရေ ။ ။ ။
Comment #2
ကိုမျိုးထက်..ခံစားချက်ချင်တော်2တူတယ်
ခံလည်းခံစားမိတယ်(ကဗျာ)ကို
ထပ်တူခံစားပြီးအားပေးသွားပါတယ်

Comment #1
တကယ်ကိုစွန့်လွှတ်လိုက်တော့မှာလား