ပယောဂ၀င်နေတဲ့ သစ်ပင်
ဆိုင်းဘုတ်များ စိုက်ထားသည်။
ပန်းမခူးရ။
ငါးမမျှားရ။
မြက်ခင်းပေါ် မနင်းရ။
တားမြစ်ချက်များကို ချိုးဖောက်လိုက်လျှင် ဘာဖြစ်မလဲ။
ဒီနေမှာထိုင်လိုက်သည်နှင့် နင့်ကိုမြင်ရသည်။
နင် နေကောင်းတယ်မဟုတ်လား။
ငါတော့ ဆေးလိပ်ပြတ်သွားပြီ။
အိပ်အိပ်၊မအိပ်အိပ် လူတိုင်းအိပ်မက်မက်သည်။
အရာအားလုံး ဥပဒေသတစ်ခုတည်းဆိုလျှင် ဘယ်လိုဖွင့်ဆိုမလဲ။
သုည။
သုတ္တန်ဒေသနာတော်များ ကြားနာရသည်ရှိသော် ငါ မျက်ရည်ကျ၏။
ရှေးဆရာသခင်တို့ သွားသောလမ်းကို ငါ မလျှောက်နိုင်။
လျှောက်နိုင်စွမ်းမရှိ။
ငါ့တွင်း နက်နေပြီ။
Comment #2
ကိုတာကော….ကောင်းလိုက်တာ စာသားတွေက
အားပေးနေတယ် အကို

Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
နင် နေကောင်းတယ်မဟုတ်လား။
ငါတော့ ဆေးလိပ်ပြတ်သွားပြီ။
အိပ်အိပ်၊မအိပ်အိပ် လူတိုင်းအိပ်မက်မက်သည်။
အရာအားလုံး ဥပဒေသတစ်ခုတည်းဆိုလျှင် ဘယ်လိုဖွင့်ဆိုမလဲ။
သုည။
သုတ္တန်ဒေသနာတော်များ ကြားနာရသည်ရှိသော် ငါ မျက်ရည်ကျ၏။
ရှေးဆရာသခင်တို့ သွားသောလမ်းကို ငါ မလျှောက်နိုင်။
လျှောက်နိုင်စွမ်းမရှိ။
ငါ့တွင်း နက်နေပြီ။
…………………………………………
အားပေးသွားတယ်..ခံစားချက်ပေါင်းများစွာနဲ့ 😀