အရောင့်ဖျော့တော့တော့ အိမ်မက်
တန်ပြန်ဟပ်မှုမလိုအပ်တဲ့
အချစ်အကြောင်းရေးဖွဲ့သီလို့
တစ်ထောင့်ငါးရာကို
စိတ်ကူးခံစား
မိုးရေစက်တွေ ငါ့ရှေ့မှာ
ခုန်ပေါက်ပြေးလွှားနေတယ်။
သည်းနိုင်လွန်းတဲ့ မိုးရေစက်တွေ
ငါ့ရင်ခွင်ထဲ ကြဲပက်ပေးပါ။
ကနုကမာလိုပဲ နူးညံ့လွန်းတဲ့
အသားစိုင်တွင်း မသိမသာလေးပါပဲ
ငုပ်လျှိုးနေတယ်။
မ၀ံ့မရဲအကြည့်တွေကြား
စမ်းချောင်းလေးတွေ ဖြတ်ဆင်းသွားတယ်။
မချင့်မရဲ မပြောလေးတွေကြား
တစ်စုံတစ်ရာရယ် ထိန်းချုပ်ထားတယ်။
ခြေလှမ်းတွေရယ်
တမင်တကာအကွက်ဆင်လို့
သူရှေ့မှာ ဦးခိုက်စေတယ်။
ငါငိုရင် ကျောင်းနီနီကြီးက
ငါနဲ့အတူ မျက်ရည်ဖြိုင်ဖြိုင်ကျပေးလို့
ငါလွမ်းနေရင်လည်း ငါနဲ့အတူ
ပျားပန်းခတ်မျှ လှုပ်ရှားနေတဲ့
ဖြူစိမ်းတွေကြား
ငြိမ်သက်တောင့်တင်းလို့ပေါ့။
မှုန်ကုတ်ကုတ်ပုံရိပ်လေးတစ်ခု
မျက်စိထောင့်နားမှာ လစ်ဟာခဲ့ရင်
ကျောင်းတက်ရက်တွေ အသက်မပါတော့ဘူး။
ငါရှုတဲ့လေတွေ အာဟာရတွေလိုအပ်နေတယ်။
ငါညည်းတဲ့သီချင်းတွေ
ကာရန်တွေပျောက်ဆုံးနေတယ်။
ငါဆွဲလိုက်တဲ့ စုတ်ချက်တွေ
သတိတရားတွေအထိန်းအကွပ်မဲ့နေပြီလေ။
သစ်ရွက်ကြွေတွေကိုဖြတ်နင်း
မနိုင့်တနိုင်ဝန်တွေကို ထုပ်ပိုး
နံနက်စောစော နေရောင်ခြည်အောက်
ရှေ့ရေးအတွက် ကြိုးကုတ်နေတဲ့
ဖြူစိမ်းလေးရဲ့ ရင်ထဲမှာ
ဘယ်သူမှမသိတဲ့ ချစ်ခြင်းအလကာင်္တို့
အရောင်လက်နေတယ်။
အဘိဓမ္မာကြေပြီးသား ငါ့အတွက်
သဘာဝတရားကြီးရယ်
နှုတ်ကိုဆွံ့အစေခဲ့ပြီလေ။
အရောင်မတင်ရသေးတဲ့
ပန်းချီကားတစ်ချပ်ကို ပိုက်ထွေးလို့
အရောင်ဖျော့တော့တော့အိမ်မက်တွေကြား
ငါကတော့
အိမ်မက်တွေနဲ ကွန်မြူးလို့ကောင်းတုန်း။
ညိုလင်းသစ်
Comment #2
really nice.
Comment #1
အဘိဓမ္မာကြေပြီးသား ငါ့အတွက်
သဘာဝတရားကြီးရယ်
နှုတ်ကိုဆွံ့အစေခဲ့ပြီလေ။
အရောင်မတင်ရသေးတဲ့
ပန်းချီကားတစ်ချပ်ကို ပိုက်ထွေးလို့
အရောင်ဖျော့တော့တော့အိမ်မက်တွေကြား
ငါကတော့
အိမ်မက်တွေနဲ ကွန်မြူးလို့ကောင်းတုန်း။
i like this poem…….