ဆက်လက်ပြီးတော့…….
နင့်ရဲ့ အသံ…..မကြား
အမိန့်စကားတွနာခံရဖို့
အခွင့်အရေးတွေ ယိုင်နဲ့
ရောက်လာမယ့် မနက်ဖြန်တွေထဲ
ရာခိုင်နှုန်းဘယ်လောက်များများ ငါ့အတွက် နင် ချန်ထားပေးလဲ…..?
လက်ရှိအထင်ကရ…….
စိတ်ကူးတွေနဲ့ ထပ်တူမကျတဲ့ငါ
လျော့နည်းလာသော……
ရှားပါးလာသော…………
ခက်ခဲနေတတ်သော……..
ဆုံတွေ့ခွင့်တွေရဲ့နောက်မှာ…..မျက်ရည်တွေ ခဏခဏကျနေမိတယ်….။
နင်နဲ့ အတူတကွ ပေါင်းဖက်နိုင်ဖို့
နင့်အပေါ်မှာသာ မူတည်
နင်မပြောင်းလဲစေဖို့ ဆုတွေတောင်း
တခါတလေတွေဆိုရင်…..
နင့်ကိုလွမ်းတဲ့ ငါက
နင့်ကို လွမ်းနေရဖို့သက်သက်….
ဒီကမ္ဘာမှာပဲ မွေးဖွားလာရသလို….။
ငါ့ခံစားချက်တွေက
နင့်ရင်ထဲသို့ တိုက်ရိုက်ကျရောက်မယ် အထင်နဲ့
ပြေရာပြေကြောင်း ဖြည့်တွေး
ခုလက်တလော….ငါ့ဘ၀နာရီတွေထဲ
ဒီလိုအတွေးတွေသာ ငါ့ရဲ့အားကိုးရာ….
ငါ့ရဲ့ ကိုးကွယ်ရာ…..
ငါ့ရဲ့ ခုံမင်ရာလည်း ဖြစ်နေတယ်…..။
တွဲလက်တွေပဲ ဆက်ခိုင်နေပါရစေ……ချစ်သူ
တခြားတခြား ဘာတွေဖြစ်ဖြစ်
“နင် ငါ့ကို လမ်းမခွဲဘူး” ဆိုတဲ့အသိ….
ငါ့နှလုံးသားမှာ သံမဏိလိုလည်း ရစ်ပတ်ထားချင်လို့ပါ….။
ဆက်လက်ပြီးတော့ ငါ…..
နားလည်ပေးရတဲ့ အကျင့်ကိုပိုင်ဆိုင်ချင်တယ်
ဆက်လက်ပြီးတော့လေ……
ငါ………နင့်အတွက်ပဲ ရှင်သန်နေချင်သေးတယ်….
ဆက်လက်ပြီးတော့……
နင့်ကို အရာရာ ပေးဆပ်နိုင်တဲ့ ချစ်သူအဖြစ်……ငါ ကြိုးစားချင်သေးတယ်….။
အဲ့ဒီ့အတွက်
နှစ်ချို့နေသော သံယောဇဉ်တွေကို ငဲ့ကွက်
ဆက်လက်ပြီးတော့ …….နင်
ငါ့ကို ချန်ရစ်ခဲ့ဖို့ စိတ်မကူးပါနဲ့လား……? ချစ်သူရယ်…..။ ။
Comment #2
ခက်ခဲနေတတ်သော……..
ဆုံတွေ့ခွင့်တွေရဲ့နောက်မှာ…..မျက်ရည်တွေ ခဏခဏကျနေမိတယ်….။
နင့်ကို လွမ်းနေရဖို့သက်သက်….
ဒီကမ္ဘာမှာပဲ မွေးဖွားလာရသလို….။
( အားတင်းထားနှော် အချစ်စစ်မှန်ရင်တစ်ချိန်တော့နီးခွင့်ရှိလာမှာပါ)

Comment #4
နင်နဲ့ အတူတကွ ပေါင်းဖက်နိုင်ဖို့
နင့်အပေါ်မှာသာ မူတည်
နင်မပြောင်းလဲစေဖို့ ဆုတွေတောင်း
တခါတလေတွေဆိုရင်…..
နင့်ကိုလွမ်းတဲ့ ငါက
နင့်ကို လွမ်းနေရဖို့သက်သက်….
ဒီကမ္ဘာမှာပဲ မွေးဖွားလာရသလို….။
……………
ကေ..အရမ်းကြိုက်တယ်…….အားပေးနေတယ်နော်

Comment #5
ကဗျာလေးကို ဖတ်ပြီး အားပေးတဲ့ သူငယ်ချင်းတွေအားလုံး ကျေးဇူးပါ

Comment #7
ofcourse,,,,,,,,
i m always hoping u so much.
but now i daren’t hope coz i want u to have a prefect life.

Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
လွမ်းဖို့ သက်သက် ဖြစ်လာတဲ့လူ