““ချစ်မိတဲ့အခါ…………….””
ချစ်မိတဲ့အခါ……….
ပျံ့မွှေးလန်းထုံ ပန်းငုံပွင့်တွေက၊ မြေခ မကြွေ၊ပင်ယံထက် ဝေမြဲဝေနေ။
ချစ်မိတဲ့အခါ……….
ဗွက်အိုင်ရွှံ့ညွန်တွေက၊ကြည်ကြည်လဲ့လဲ့ စီးဆင်းနေတဲ့စမ်းချောင်းကလေး။
ချစ်မိတဲ့အခါ……….
ကျပ်ညပ်ပေရေ ဘတ်စ်ကားတွေက၊ ကိုယ်ပိုင်ကားထက် ဇိမ်ကျလှတဲ့ယာဉ်။
ချစ်မိတဲ့အခါ……….
ဆတ်ခါပူပြင်း ရှင်နေမင်းက၊နော့နော့ပြေပြေ ဆော်သွေးတဲ့လေပြေ။
ချစ်မိတဲ့အခါ……….
ဆူညောင့်တင်းကြမ်း ခရီးလမ်းတွေက၊ ကတ္တီပါ ပိုး ဖဲ၊ ဆင်ကဲမွမ်းသည့်နှယ်။
ချစ်မိတဲ့အခါ……….
ဒိန်ဒလိန်းဆူဝေ ခြိမ်းမိုးသံရှည်က၊ လှည်းကြော့ယာဉ်ရဲ့ ခြူသံလွင်ဘွင်။
ချစ်မိတဲ့အခါ……….
ကျိုးကျိုးကျဲကျဲ အိမ်ထရံပေါက်တွေက၊ လရိပ်လသွေး ဖြာဝေထွေးမယ့် စိန်ပွင့်ကလေးတွေ။
ချစ်မိတဲ့အခါ……….
ကြယ်လမိုက်ပိန်း၊ ချုပ်ညစိမ်းက၊ မတိမ်းမရွံ့၊ ဖွဖွညင်သာ ကျောခင်းဝံ့စရာ။
ချစ်မိတဲ့အခါ……….
လွှာနှုတိခမ်းက မို့အာထွေးစု၊ ရဲရဲနီနီ၊ သစ်သီး စတော်ဘယ်ရီ။
ချစ်မိတဲ့အခါ……….
ဆိုးခါးလှတဲ့ အတိတ်အရိပ်တွေက၊ နိုးထအရုဏ်၊ ခြုံထည်စလို၊ လျှောကွာကျမယ့် အိပ်မက်အဝါ။
ချစ်မိတဲ့အခါ……….
ခက်ထန်ကြမ်းရှ ပစ္စုပန်တွေက ၊ဆောင်းဦးရာသီအစ၊ ဖြူလွလွနှင်းပွင့်နာရီလက်တံ။
ချစ်မိတဲ့အခါ……….
ပိန်းပိတ်ခိုးဝေ အနာဂတ်တွေက၊ အသစ်တဖန် မျှော်လင့်ခြင်းရဲ့ဂီတသံ။
ချစ်မိတဲ့အခါ……….
သောက ဝေဒနာ မျက်ရည်ဆိုတာ၊ ဘယ်ဆီဘယ်နန်း မြန်းလွင့်ပါချီ။
ချစ်မိတဲ့အခါ……….
မိန်းမတကာ၊ သူတစ်ယောက်သာလျှင်၊ ဖြူစင်လှတယ် နတ်မိမယ်။
ချစ်မိတဲ့အခါ……….
သြော်…….နောက်.. ဘာရှိဦးမလဲ..၊ ပြောပြစရာ……….
အဲဒီလို…….အဲဒီလို……..၊
ချစ်မိတဲ့အခါ………………..။ ။
Presented By
ဇော်သက်ဦး(Ayatekalay)
Comment #3
hote de,,hote de,,,
women r so pity.
men r cruel,,changeable.
kyar yin yoe twar yaw,,,pyin twar yaw,,,,a tit shar chin yaw,,,
hint,,,,,be ya ma le,,,,,
ei lay ka dot,,,
a mye tan chit nay aung loh kyoe sar de…
mei twar hmar soe loh,,,,yoe twar hmar soe loh ne myo sone ko kyoe sar de.
pyin twar hmar soe loh,,htar ke hmar soe loh,,,koh bat ka pyay sone aung kyoe sar de.
ko ka a yan chit tar koe….ha..ha..
Comment #1
ချစ်မိတဲ့အခါ….
ကိုဇော်သက်ဦး…ဘာဆက်ပြော၇မလဲ..ဟဲဟဲ
အားပေးနေပါတယ်။