““ရင်ထဲက……..အချစ်ကဗျာ””
အချစ်ကဗျာလှလှလေးတွေကိုမှ
စာသလို့ ယဉ်ချင်သူ။
အချစ်မပါရင် ကဗျာမဖြစ်သလိုပေါ့
သိပ်ချစ်တတ်သူ။
ထမင်းမရှိသော်လည်း အချစ်ရှိပါသတဲ့
စိတ်ကူနဲ့ ပြည်တည်သူ
ရူးသူလို့ ဆိုလေမလား။
မရူးပါဘူးကွယ်
လက်တွေ့နယ်မှာလေ……
ထမင်းမပါရင် တကယ်မရသော်လည်း
ဘဝမှာအချစ်မပါခဲ့ရင်ဖြင့်
ရင်ထဲမှာ ဗလာကျင်းပါလို့
ကြည်နူးစရာ လွမ်းစရာ ဘယ်မှာရှိပါ့မလဲ
လူ့အဖြစ်ဟာ တကယ်ရှုံးတာကြောင့်
ဘယ်သူလာ ဘာတွေပြောပေမယ့်
ဘဝအမောတွေ ဖြေကာသိပ်စေတဲ့
“အချစ်ကဗျာ ပန်းလွှာရိပ်” မှာလ
စက်အိပ်နေနား…။။ ။။
Comment #2
အရမ်းကြိုက်သွားပြီ
Comment #5
တကယ် ကြိုက်တယ်
Comment #6
အစ်ကိုကျွန်တော်ကြိုက်လို့ ကော်ဖီကူးသွားပါတယ်
နောက်ကိုလည်းဒီထက်မက တင်ပေးနိုင်ပါစေလိုဆုတောင်းပါတယ်
ကျေးဇူးတင်ပါတယ်
Comment #7
ထမင်းဆိုတာ အသက်ရှင်ဖို့ အရေးကြီးသလို
အချစ်ဆိုတာလဲ ဘ၀လှပဖို့ လိုအပ်တဲ့ အစိတ်ပိုင်းလေးပါ….
မြတ်လဲ ကဗျာလေးတွေကို ချစ်တတ်တော့ ကြိုက်ပါတယ်..
ကဗျာလေးတွေဆို အမြဲအားနေပါ့မယ်နော်…
မြတ်လဲ ကဗျားရေးလေ့ကျင့်နေပါတယ်….
FB မှာတော့ ကဗျာလေးတွေ တစ်ခါတလေရေးဖြစ်ပါတယ်..
Comment #8
ဘယ်လိုပြောရမလဲ အ တ တ တောင်ဖြစ်သွားတယ်
ကျေးဇူးပါ
ဆက်၍အားပေးနေမည်
Comment #10
အရမ်းကောင်းတယ်ဗျာ…
ကြိုက်လွန်းလို့  share ခွင့်ပြုပါ…:) 😉
Comment #1
အားလုံးကောင်းပါတယ်