နေပူမှာကြောက်တဲ့…. နွေ
လေညင်းက သီချင်းဆိုမှ
အေးမြမယ့် မျက်နှာ
ရွက်ဝါက ကကြိုးသီမှ
ကြည်နူးမယ့် ရယ်သံ
ကိုယ့်မြေပြင်ကိုယ်ထွန်ယက်ပြီး
ကိုယ့်ကိုယ်ကို စိုက်ပျိုး
ကန္တာရပါဆိုမှ
ခြောက်သယောင်းတာ မဆန်း
လွမ်းလိုက်တာကွယ်….။
အို…..အိုအေစစ်
အချစ်မလျော့နဲ့ဦး
မင်းပြုံးမှ အသက်ရှည်မယ့်အဖြစ်….။ ။
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
မင်းပြုံးမှအသက်ရှည်မယ့်အဖြစ် ပြုံးပြသွားပါတယ်း) အနုပညာသက်ရှည်ပါစေဗျာ