အယုံအကြည်မရှိ အဆိုတင်သွင်းခြင်း (မင်းလူ)
မျက်ရည် စို့နေပေမယ့်
ဝမ်းမြောက်နေကြောင်း
သိပါတယ်။
မင်းမှာ မျက်စိမရှိဘူး
စိန်ကဲဖြတ်တဲ့
မှန်ဘီလူးတစ်စုံပဲ ရှိတယ်။
ပြုံးနေပေမယ့်
ကောက်ကျစ်တတ်ကြောင်း
သိပါတယ်။
မင်းမှာ သွားတက်ကလေးမရှိဘူး။
အစွယ်တစ်စုံပဲ ရှိတယ်
ဆံပင်ဖားလျားချထားပေမယ့်
ဦးခေါင်းခွံထဲကို မြင်ပါတယ်။
မင်းမှာ ဦးနှောက်မရှိဘူး။
ချိန်ခွင်တစ်ခုပဲ ရှိတယ်။
အင်္ကျီဝတ်ထားပေမယ့်
ရင်ခေါင်းထဲကို မြင်ပါတယ်။
မင်းမှာ နှလုံးသားမရှိဘူး။
မျက်ရည်ယိုဗုံးတစ်လုံးပဲ ရှိတယ်။
မင်းကို
ငါ ကြောက်တယ်ကွယ်။
မင်းလူ
Comment #5
ဒါလေးလဲကောင်းပါတယ်………
By: May Kha at May 21, 2012
Comment #7
ကောင်းမှုထဲက ကဗျာတွေအကုန်ကြိုက်တယ်..
ကဗျာလေးတွေထပ်တင်ပေးပါအုံး
By: paukkyine at Jul 23, 2014
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ha ha…
good…..