“ရင်မှာရှသွားတဲ့ သီချင်း”
မြို့ထဲ ကျွန်တော့်ကို တွေ့မိသေးလား
ညီမလေးကို တွေ့မိသေးလား
ရှုမျှော်ခင်းကို ဖွင့်ချလိုက်တော့
မြက်ခင်းစိမ်းစိမ်း သစ်ပင်စိမ်းစိမ်း
အခု ကိုယ်စိမ်းလန်းနေတယ်..။
ကျောက်ဖြစ်ရုပ်ကြွင်းထဲ သမိုင်းဟာ ရွေ့နေသလို
ကိုယ်လည်း အခုမှ လှုပ်လာတယ်
အသားထဲ ဏဆူးတွေစူးဝင်နေသလို
ကမ္ဘာဟာ စစ်ပွဲကို မလိုချင်လည်း ရခဲ့တယ်
ကိုယ်လည်း အလွမ်းနဲ့ လောင်ခဲ့တယ်
……………..ခိုင်………………။
ဖြည်း(ဖြေး)နေတာတောင် မဝေးတော့
မင်းမရှိတဲ့ ကမ္ဘာဟာ ကိုယ့်အတွက်အသေပေါ့..။
ဒီလိုနဲ့………..အမှောင်မှာ………….
သစ်ကိုင်းလေးတွေ တဖျောက်ဖျောက်ချိုးလို့
ဂစ်တာအိုးကို တဒေါက်ဒေါက်ခေါက်လို့
တစ်လွှာချင်း တစ်ချပ်ချင်း၊ မုန်တိုင်းလို မြေငလျင်လို
သိရခြင်းကိုပဲ ရခဲ့တယ်…။
တကယ်တော……..
အချစ်မှာ……စစ်ရှုံးရတာ…..
ကိုယ့်မှာ ပျော်တယ်….။ ။
Comment #2
တကယ်တော……..
အချစ်မှာ……စစ်ရှုံးရတာ…..
ကိုယ့်မှာ ပျော်တယ်….။ ။
အားပေးသွားပါတယ်

Comment #4
အားပေးသွားတယ် ကိုဇော်သက်ဦးရေ

Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
သူသိပါစေ………………။ ။