ယုံကြည်မှု
ခရေပင်လေးဟာ
ခရေပန်းလေးတွေ ပွင့်ရင်းပွင့်ရင်းနဲ့ပဲ
ခရေပင်ကြီးဖြစ်လာ…
ဖြစ်လာတော့လည်း
ခရေပင်ကြီးဟာ
ခရေပန်းလေးတွေ ပွင်မြဲ ပွင့်တယ်
ပွင့်လို့ရသမျှလည်း ခြွေမြဲ ခြွေတယ်
ခြွေခဲ့တယ်…
ကမ္ဘာမြေကြီးက ဘာလုပ်ပစ်မယ်
တစ်ခါမှ မတွေးဖူးဘူး… ။ ။
Comment #2
hote de naw
By: ei lay at Jan 15, 2012
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ယုံကြည်မှု…..