ကျွန်မ ရှင့်ကို ချစ်ခဲ့တယ် ဆိုတာက…..
တစ်ခုတည်းသောအချစ်ကို ပေးအပ်
ရှင် သိထားပါ
ကျွန်မ ရှင့်ကို ချစ်ခဲ့တယ်ဆိုတာက
နယူတန်ရဲ့နိယာမအတိုင်းဆိုပေမယ့်
လားရာဘက်ရော ဦးတည်ချက်ပါတူတဲ့
ခံစားချက် သက်ရောက်မှုတွေနဲ့မို့ပါ….။ ။
Comment #4
မာန်နတွေနဲ့ခံစားချက်တွေထင်တယ်။အားပေးနေမယ်နှော်
Comment #5
မိုက်တယ် ကဗျာအရေးအသားလေးက
ဒီလို မာနတွေ ရှိသင့်တယ် ထင်တယ်
သူကြင်မှ ကိုယ်ကြင်ပေါ့နော့
အားပေးသွားတယ် ပွင့်လွှာရေ…..
အဲလို ခံစားချက်တွေကို သဘောကျတယ်….။ ။
Comment #6
lone wa kwat ti pe.
tu tu be,,
thz so much,the intelligent poet.
Comment #7
ကဗျာလေးကကောင်းတယ်နှော်။ဒီလိုပဲဖြစ်သင့်တယ်။အားပေးသွားပါတယ်။
Comment #8
ဒီကဗျာလေး အတွက် ကျေးဇူးတင်ပါတယ်…
Comment #9
ကျွန်မ ရှင့်ကို ချစ်ခဲ့တယ်ဆိုတာက
ရှင်လိမ်လည်သမျှ မသိဟန်ဆောင်
သစ္စာတွေ တယူသန်စွာထိမ်း
ရှင်ဘာပဲဖြစ်ဖြစ် ကျွန်မက ခွင့်လွတ်ပေးဖို့အသင့်နဲ့
လူသားနှစ်ဦးရဲ့ မမျှတတဲ့ အချစ်ဇာတ်လမ်းအတွက်တော့မဟုတ်ဘူး….။
ရှင်…နောက်ထပ်လည်းမှတ်ထားပါ
ကျွန်မ ရှင့်ကို ချစ်ခဲ့တယ်ဆိုတာက
ရှင် ချစ်သလောက် ကျွန်မ တင်းတိမ်ပေးရင်း
အလိုမကျတော့တဲ့အခါ ရှင်ထားခဲ့
ရှင့်ကိုပဲ တသသနဲ့ တမ်းတနေရဖို့တော့မဟုတ်ဘူး…..။
ရှင် သိထားပါ
ကျွန်မ ရှင့်ကို ချစ်ခဲ့တယ်ဆိုတာက
နယူတန်ရဲ့နိယာမအတိုင်းဆိုပေမယ့်
လားရာဘက်ရော ဦးတည်ချက်ပါတူတဲ့
ခံစားချက် သက်ရောက်မှုတွေနဲ့မို့ပါ….။
Comment #11
ကျွန်မ ရှင့်ကို ချစ်ခဲ့တယ် ဆိုတာက…..
စိတ်ကူးယဉ်ကာလတွေထက်
လက်တွေ့တွေထဲ
အတူတူကျင်လည်ရင်း
လူပြောများတဲ့ လောကဒဏ်
ရှင်နဲ့အတူ…..ရင်ဆိုင်ချင်လို့….။
အရမ်းကောင်းပါတယ်
Comment #1
ကဗျာလေးက အရမ်းကောင်းပါတယ် ။ နောက်လဲအားပေးနေပါ့မယ် ။