အစိမ်းရောင်မင်းသမီး…….သို့
စိမ်းစားသီးအလား
ငါ့နှလုံးသားကို
ချိုမြိန်စွာ စားသုံးသွားတဲ့
အစိမ်းသက်သက်…
အပြုံးတော်ရှင်မလေးရေ…။
စိမ်းရွှေစွာ တီးခတ်လာတဲ့
မင်းနှုတ်ခမ်းနှစ်လွှာကြားက
အစ်ကို…..ဆိုတဲ့
သံဇဉ်ချိုချိုလေးတွေနဲ့အတူ
လက်ချိုးလို့ တေးသီ
ရင်ကြော့ကာ ခေါင်းမော့
မာယာအစုံ ကကွက်အဖုံဖုံတွေ
နာကျင်စွာ မေ့တန်ကောင်းပါလည်း
ငါ့ရင်မှာ သတိတရရှိနေဆဲပါပဲ…..။ ။ ။။ ။။
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
သတိတရရှိနေဆဲပါပဲ….