အတောမသတ်သော ရှာဖွေခြင်း
လက်ရှိအဖြစ်နဲ့ အဆင်မပြေတိုင်း
အတ္တနဲ့မာန က အလိုက်ကန်းဆိုးမသိ
ခပ်တည်တည်နဲ့ ငါ့ကို ပြန်ဆဲတယ် . . .
ငါ့သမိုင်း က အများသုံး ရေအိမ် နံရံ လိုပါပဲ
တောင်ခြစ်မြောက်ခြစ် ပြသနာတွေနဲ့
မျက်မှန်ထူထူတပ်
ငါ့ကိုယ်ငါတောင် ပြန်မဖတ်တတ်တော့ဘူး . . .
တစ်ခါတစ်လေတော့လဲ
ည အန်ထုတ်လိုက်မဲ့ ကမ္ဘာကို တောင့်တရင်း
အိပ်တန်းပြန်ငှက်တွေကို အားကျမိတယ် . . .
စောင်းကို ရိုက်ခွဲပြီး
သာယာသံကို လိုက်ရှာမိတဲ့ ငါ
မိုးကြီးချုပ်တောင် အိမ်မပြန်နိုင်သေးဘူးလေ . . .
Comment #2
ဒီလိုလဲ ဖြစ်တတ်ပါတယ်
တစ်ချိန်ချိန်တော့ အဆင်ပြေသွားမှာပါ
By: ရော်နသန်ဇင်ယော် at Jun 11, 2011
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
လောက ရဲ့ တစ်နေရာတစ်ထောင့်မှာ ငြိမ်းချမ်းရာ တစ်စုံတစ်ရာကို ကဗျာဆရာ ရှာဖွေတွေ့ ရှိနိုင်ပါစေဗျာ…