သူငယ်ချင်း
ရေချိန်လွန်ကြူး
ခေါင်းထဲမူးတယ်
ဒယိမ်းဒယိုင်
မထိန်းနိုင်လို့
ခွေယိုင်လမ်းလျောက်
အိမ်မရောက်ပြီ
တစ်ယောက်တည်းထဲ
ကားပဲစီးမယ်
စိတ်ကရွယ်လို့
မီးလဲ့လဲ့မြင်
သုံးဘီးထင်ပြီး
လာလျင်လက်ပြ
မရပ်ကြဘူး
ဒေါသချုပ်တည်း
နောက်တစ်စီးတော့
ပုလင်းနဲ့ထု
ဝု..ကနဲရပ်
လက်ထိပ်ခတ်မှ
ထပ်ချပ်သတိ
ငါကြည့်မိတယ်
အီး….ဟီး…..
ရဲကား သူငယ်ချင်း…။ ။
(နတ်ရွာမိုး)
Presented By:
ဇော်သက်ဦး(Ayatekalay)
Comment #2
ဟားဟား.. ဟာသပဲ… အမအားပေးပါတရ်မောင်လေးရေ…
ရဲကားထုရတာ… နည်းတာမှတ်လို့.. ပုလင်းနဲ့ထုတာနာတရ်… နောက်တစ်ခါဆို.. အုတ်ခဲဆောင်ထား..
အိုကေ..
By: sandi at Jun 27, 2011
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ဘယ်သူမှအားမပေးလည်းကိုယ်ဖာသာကိုယ်ပဲအားပေးတယ်..။
ကောင်းတယ်……….။