သူ…သိခဲ့ရင်
သူ…
ကိုယ်ချစ်သလို
ကိုယ့်အပေါ် ပြန်ချစ်
မမျှော်လင့်ခဲ့ပါ…။
သူ…
ကိုယ်မြတ်နိုးသလို
ကိုယ့်အပေါ်မြတ်နိုး
မမျှော်ကိုးခဲ့ပါ…။
သူ…
တကယ်ဆို
မျှော်ကိုးမှုမဲ့တဲ့ ချစ်ခြင်း
ပေးဆပ်ခြင်း သက်သက်ပါလေ…။
တစ်ရံတစ်ခါ
ကိုယ့် တန်ဖိုးထာတတ်ခြင်းတွေကို
သူ…
အသိအမှတ်ပြုရင် ကျေနပ်ပါပြီ…။ ။
Comment #3
မမ အားပေးသွားတရ်နော်.. ဒီတစ်ခါ သူကလေးကိုရည်ညွှန်းထားတရ်နော့…
ဖတ်လို့ကောင်းတဲ့ကဗျာလေးပါ…
By: sandi at Jun 28, 2011
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
သူ…