လတစ်စင်းရဲ့… ရင်ခုန်သံ
ချစ်သူ…
နေ့စဉ် မြင်တွေ့
ရောင့်ရဲ နှစ်သိမ့်
ကျေနပ်စေပေမယ့်
ကြည့်ရှုမဝ
မင်းအလှမှာ
ယစ်မူးစေခဲ့ပြီ……။
ရင်မှာခံစား
ချစ်နေငြားလည်း
ကြိတ်မှိတ်မျိုသိပ်
ခံစားလိုက်ပါ့မယ်…..။
ရောင်နီတွေ အပြည့်နဲ့
မင်းရဲ့ နေ့ရက်တွေ
တောက်ပလင်းလက်နိုင်ပါစေ…..။
ကိုယ်ဟာ လ တစ်စင်းဆိုရင်
မင်းရဲ့ပျော်ရွှင်မှု အတွက်
နေ့ရက်တွေ မကုန်ဆုံးအောင်
လတစ်စင်းရဲ့
ရင်ခုန်သံစည်းချက်တွေနဲ့အတူ
မျိုသိပ်ခံစားနေပေးမှာပါ
ချစ်သူ……….။ ။
Comment #2
အားပေးသွားတယ်….။
By: မိုးဆွေ at Jun 17, 2011
Comment #3
ကောင်းပါ၏
By: နေဝင်တောက်တဲ့ at Jun 17, 2011
Comment #7
မမအားပေးသွားပြီနော.. ကောင်းပါတရ်…
By: sandi at Jun 28, 2011
Comment #10
wow,,,,,,,,,,
😛
By: ei lay at Jun 7, 2012
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
မျိုသိပ်ခံစားနေပေးမှာပါ