ရုပ်သေးရုပ်………ဈာပနာ
အချစ်ရေ…..အချစ်ရဲ့လို့…..
အော်ခေါ်ကာ..မြည်တမ်းပါလည်း
စို့နင့်ရင်ဘတ်…..ကွဲ…ကြေအောင် မြုံ လို့
နှုတ်ဆိတ်လေးပဲ..အသံပိတ်နေခဲ့.
သခင်ပျော်ရင်……ဒီ..(နှလုံးသား)အစေခံ..
ရုပ်သေးရုပ်ဘ၀မှာတင်……အသေရဲပါတယ်။
ကြွေကာ မျောလွင့်ရတဲ့….သံသရာခရီးဝယ်
အချစ်ကြွေးတွေ ဆပ်မကုန်အောင်…တိုးမိတဲ့ကိုယ်….
သခင့်ကို…နာကျင်အောင်…တကွေ့ကွေ့ဝယ်…ကျူးလွန်ခဲ့မိရင်ဖြင့်
တသံသရာလုံးစာ….. နှလုံးသွေးနဲ့..လမ်းခင်းကာ
ဒီဝဋ်ကြွေးကို… အချစ်ပိုးလို့…ဆပ်..
သခင်..ကြိုးဆွဲရာ….ကိုယ်..ယိမ်းပြခဲ့ပါ့မယ်
အချစ်ကို..အချစ်သာ..မြင်
အနှစ်မပါတဲ့…ရွှေလမ်း..ငွေလမ်း..မဖောက်လှမ်းပေးနိုင်ခဲ့
အဖြူရောင်သာ..ချယ်သ…စုတ်ထိုးထားသူမို့
အငြိုးစွက်ကာ..နှင်..သခင်စေတဲ့ ကောင်းကင်အောက်
တိုးတိတ်စွာ…ဖယ်ဆင်းခဲ့တယ်….
အထင်လွဲခြင်း….ကင်းပါ…အရှင်။
အတိတ်..ပစ္စုပန်…အနာဂတ်ဆိုတာ
သခင်ရှိမှ..လန်းမယ့်ပန်းတွေမို့
အကြင်နာ လင့် ကာ ကမ်းခဲ့ဖူး
တမင်ပြစ်ခွာနေ….သူကို
အမြင်ရှင်းအောင်….ကိုယ်…မလင်းတတ်ခဲ့ဘူး။
တကယ်တော့…………
ဒီအစေခံ…နှလုံးသားစိတ်ဓတ်…မာနိုင်စွမ်းပါရဲ့
တဖက်လှည့်..ပြစ်ခွာ…..အမြင်မှာ စိမ်းနိုင်ရဲ့
…………ဒါပေမယ့်……………
စေလိုရာ စေညွှန်းနိုင်သူ..
ကြိုးဆွဲသခင်..နင်..ကင်းခဲ့ရက်လို့
ဒီ….ရုပ်သေးရုပ်…
.ရင်ကွဲနာကျ…..
……………………
……ဈာပနာမှာ……
အသည်းနှလုံး.…
ကြွေဆင်း… ရင်း ..ပေးခဲ့တယ်…….
……………………………….
………………….
ရည်စူးသခင်..ပျော်ရွှင်စေတော့။
(9.6.2011-9း00pm)
Comment #3
“အတိတ်..ပစ္စုပန်…အနာဂတ်ဆိုတာ
သခင်ရှိမှ..လန်းမယ့်ပန်းတွေမို့
အကြင်နာ လင့် ကာ ကမ်းခဲ့ဖူး
တမင်ပြစ်ခွာနေ….သူကို
အမြင်ရှင်းအောင်….ကိုယ်…မလင်းတတ်ခဲ့ဘူး။”
ကောင်းလွန်းတယ် မိုးရေ……။အားပေးသွားတယ်။။။။။
Comment #5
ကြိုက်တယ်ဗျာ
Comment #6
ကျေးဇူးအများကြီးတင်ပါတယ်…မိုးကိုအားပေးတဲ့မောင်နှမများအားလုံး
Comment #8
thank………….. a lot
Comment #11
ကျေးဇူးတင်ပါတယ်အားပေးတဲ့မောင်ျနှများအားလုံး
Comment #12
share လိုက်တယ် 🙂
Comment #13
really romantic,,
really excellent,,
Comment #15
ei lay le yin kwe nar kya nay p,,ma moe yae,,
he,,he,, ;(
Comment #16
မိုက်တယ်ဗျာ
Comment #17
Be hna khar phat phat yin hte ko hti de.
Comment #18
🙂
Comment #1
အားပေးသွားတယ်……