ကမ္ဘာတစ်ဖက်မှာ ဆုံခဲ့တယ်
ကောင်းကင်မှာရွက်လွှင့်နေတဲ့ ကြယ်
ပင်လယ်ကြီးကို ဘယ်တုန်းကလွမ်းလို့လဲ…..
ဆုတောင်းခဲ့ဖူးတယ်..
လက်ညှိုးညွှန်ရာနင်ဖြစ်ပါစေဆိုပြီးတော့လေ
ဆုတောင်းများပြည့်မလားလို့
ငါ့နှလုံးသားဆီကိုပဲ လက်ညှိုးညွှန်ခဲ့ပေမယ့်…
အိပ်မက်တွေထဲမှာတောင် နင့်ရယ်သံမကြားရဘူး…..
နီးစပ်ခွင့်ဆိုတာကို တောင့်တခဲ့ပေမယ့်
ကံကြမ္မာရဲ့ရန်သူတော်ကြီးငါ့ကို
တမြေစီခြားစေသတည်းလို့ ပညတ်ခဲ့တော့
တိတ်တိတ်လေးလွမ်းရင်း…
ကြိတ်ပြီးငိုခဲ့ရတာတွေ….
ငါ့ဂစ်တာလေးအသိဆုံးးးးး
စောင့်နေပါဦးမယ်
ချစ်တယ်ဆိုတဲ့စကားကိုမျှော်လင့်ရင်းနဲ့
မဖြစ်နိုင်ဘူးဘယ်လိုပဲပြောပြော
ငါအမြဲအိပ်မက်ခဲ့တဲ့
ကမ္ဘာကြီးရဲ့ အခြားတစ်ဖက်မှာ
ငါတို့ဆုံကြမယ်…………
Comment #4
လက်ညှိုးညွှန်ရာနင်ဖြစ်ပါစေဆိုပြီးတော့လေ
ဆုတောင်းများပြည့်မလားလို့
ငါ့နှလုံးသားဆီကိုပဲ လက်ညှိုးညွှန်ခဲ့ပေမယ့်…
အိပ်မက်တွေထဲမှာတောင် နင့်ရယ်သံမကြားရဘူး…..
စောင့်နေပါဦးမယ်
ချစ်တယ်ဆိုတဲ့စကားကိုမျှော်လင့်ရင်းနဲ့
မဖြစ်နိုင်ဘူးဘယ်လိုပဲပြောပြော
ငါအမြဲအိပ်မက်ခဲ့တဲ့
ကမ္ဘာကြီးရဲ့ အခြားတစ်ဖက်မှာ
ငါတို့ဆုံကြမယ်…………
စာသားတွေအဓိပ္ပါယ်ရှိလိုက်တာ…
ဒီကဗျာလေး တော်တော်ကောင်းတယ် ကိုလွမ်းနောင်ရေ….အားပေးသွားပါတယ်….။ ။
Comment #5
ကမ္ဘာကြီးရဲ့ အခြားတစ်ဖက်မှာ
ငါတို့ ဆုံကြမယ်။
ကြိုက်တယ်ဗျာ ဆယ်မိနစ်လောက်အချိန်ယူ ဖတ်လိုက်တယ်ဗျ
ဆက်ရေးဗျာ
အတွေးလဲကောင်းတယ်
Comment #6
အားပေးသွားပါရဲ့ ဗျာ စာသားတွေကိုကြိုက်တယ်
Comment #8
ကြိုက်တယ်ဗျာ
ဘာတဲ့…
“ဆုတောင်ခဲ့ဘူးတယ်
လက်ညှိုးညွှန်ရာ နင်ဖြစ်စေဆိုပြီးတော့လေ” တဲ့
အဲဒီလို ဆုတောင်းလေးပြည့်ပါစေဗျာ
Comment #9
ma phyit naing tar hote bu,
ma phyit tay tar par naw.
hint…
Comment #10
go ahead,
Comment #1
ကိုလွမ်းနောင်…ဆုံနိုင်ကြပါစေ…
လက်ညှိုးညွှန်ရာနင်ဖြစ်ပါစေဆိုပြီးတော့လေ
ဆုတောင်းများပြည့်မလားလို့
ငါ့နှလုံးသားဆီကိုပဲ လက်ညှိုးညွှန်ခဲ့ပေမယ့်…
အားပေးနေပါတယ်။