မ…သို့
ချစ်မမသို့
မြတ်နိုးတွယ်တာ . သခင်စေရာ မပျက်စတမ်း
သံယောဇဉ်ကြိုး သစ်စိမ်းချိုးခဲ့ရင်တောင် သခင့်လိုရာဖြည့်ဆည်းပေးရင်း
သစ်ရွက်တွေ ဝေနေမဲ့ ဒီဘ၀ရဲ့နောက်ဆုံး အိပ်စက်၊ မြုပ်နှံရာ
မောင့် အချစ် မပျက်စတန်းပါ..။ သခင့်ရင်ခွင်တစ်ခုလောက်တော့ ပေးသနားပါ..
ချစ်သောသခင်..။
အချစ်ကို ညွှန်းဖွဲ့ . မျက်ရည်ကို စာတင်
နှလုံးသားနဲ့ရင်းလို့ ဆောက်တည်ခဲ့သော မကွယ်ဝှက်တမ်းလျှောက်တင်ရရင်ဖြစ်
မေတ္တာတရား ဘယ်သူဖျက်ဆီးနိုင်ပါ့မလဲ… အမျက်တော် မရှလိုက်ပါနဲ့
ရင်နင့်အောင် ချစ်ရပါသော သခင့်ကို အသက်လောက်ချစ်ရပါတယ်
မမ ရေ..။ ချစ်သောသခင်…..။
ရင်ကိုရင်းပြီး နှလုံးသားကိုစွဲထုတ် “ ကျွန် “ တော်..ကျွန်ုပ် သေတဖန်သက်တဆုံး
သခင့်ကိုပေးအပ်.. သခင်အပါးခစားရင်း ဒီဘ၀ရဲ့ထွက်သက်တစ်ခုကို
ကြမ်းတမ်းတဲ့ဒီဘ၀ခရီးထဲ သခင့်ရင်ခွင် တည်ရှိရာ နှလုံးသားမှာ မြုပ်နှံပါရစေ.
တူနှစ်ကိုယ် ယှဉ်တွဲပြီးလျှောက်လှမ်းချင်ပါဘိ…။ ချစ်သောသခင်..။
ချစ်သော သခင်ရယ်..။
သခင်မျက်နှာ တစ်စိမ့်စိမ့်ကြည့်
သခင် အပြုံးကို ဦးထိပ်ထားလျက်
သခင်အပါးခစားပါရစေ
ချစ်သောသခင်..။
သခင်ကြောင့်ဖြစ်တည်ဒီရင်နန်းတော်သခင်မရှိ ဘယ်သူနားခိုမလဲ..။
ချစ်သောသခင်
( အထီးကျန်သူ) ၁၇.၀၁.၂၀၁၀ ( ၆း၃၀ AM)
Comment #1
ခံစားလိုက်ပါ၏..။