အို နှင်းဆီ (မင်းသုဝဏ်)
နာမကျန်းသည် အို နှင်းဆီ။
မုန်တိုင်းထန်ခိုက်၊ ညဉ့်၌ ပျံသော
မှောင်ခိုပိုးသည်
နီမောင်းပျော်ရာ သင့်မွေ့ရာကို
ဖွေရှာတွေ့ခဲ့ပါလေပြီ။
တိတ်ခိုးမှောင်စွာ၊ သူ့မေတ္တာသည်
သင်၏အလှ၊ သင့်ဘဝကို၊
ဖြိုချဖျက်ဆီးနေလေပြီ။
မင်းသုဝဏ်
(၁၉၆၉)
(Willam Blake ၏ O Rose ကို မြန်မာပြန်ပါသည်။)
(စာမျက်နှာ ၁၈၀၊ အင်းယားကန်သို့ အို ကုတို့ ကဗျာစာအုပ်မှ)
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
တိတ်ခိုးမှောင်စွာ၊ သူ့မေတ္တာသည်
သင်၏အလှ၊ သင့်ဘဝကို၊
ဖြိုချဖျက်ဆီးနေလေပြီ။