မုန်းပါနဲ့လေ
ချစ်ပန်းပွင့်မြူး၊ ချိန်တန်ထူးမို့
ချစ်ဦးသူသာ၊ ပေးဆပ်ချင်တယ်လေ…။
ပန်းလိုမွေးရွ၊ မြင်ခဏ၌
လှိုင်းထနွယ်ငင်
ခိုင်မြဲလို့မင် ထာဝစဉ်…။
မြတ်နိုးပန်းမို့၊ လှမ်းလို့ပိုင်ချင်
သူငြိုငြင်
ရင်တွင် စိုးထင့်လို့အစဉ်…။
ကိုယ့်ဘ၀ပြည့်စုံလှလည်း
မင်းမရှိလျှင်၊ ရင်မှာခက်တွေ
စဉ်သာမြင်ရလျှင်ဖြင့်
ကြည်နူးနေတတ်ပြီလေ…။
ချစ်ဦးသူရေ…
မချစ်သော်လည်းရ၊ မကြင်သော်လည်းနေ
သို့သော်…
မုန်းပါနဲ့လေ…။ ။
19, May 1994
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ချစ်ဦးသူရေ…
မချစ်သော်လည်းရ၊ မကြင်သော်လည်းနေ
သို့သော်…
မုန်းပါနဲ့လေ…။ ။
အားပေးသွားပါတယ် …