ယုံကြည်ထားတယ်လား….?
ယုံကြည်ထားတယ်လား
ငါ့ထက် သူက ပိုချစ်နိုင်မယ်လို့
အပြုံးတောင်မပျက်ဘဲ ငါ….သတိလေးတော့ ပေးလိုက်မယ်
အဲဒါ နင် အိပ်မက်မက်နေတာ….။ ။
ယုံကြည်ထားတယ်လား
တွဲလက်တွေ ဒီတစ်သတ်မြဲကြမယ်လို့
နင့်ရဲ့ အတ္တ ငါအသိဆုံးမို့
အဆုံးသတ်လေးတစ်ခုတော့
ခပ်ရေးရေးပေါ်နေတယ်
ရေရှည်ဆိုတာ နင် စိတ်ကူးယဉ်နေတာပါ…။
ယုံကြည်ထားတယ်လား
ငါမရှိတဲ့ နင့်ဘ၀ ဒီ့ထက်မက ပိုစိုပြေနိုင်တယ်လို့
တူညီတတ်သော အကျိုးပေးတွေအတွက်
ငါ ကြိုတင်ပြီးလည်း ခန့်မှန်းထားတယ်
နင့်ပျော်ရွှင်ခြင်းတွေ တဖြည်းဖြည်းနဲ့ ပျောက်ဆုံးသွားဖို့ရှိတယ်….။
ယုံကြည်ထားတယ်လား
ငါ့ကို နင် လုံးဝမေ့နိုင်မယ်လို့
နင့်မျက်ဝန်းတွေမှာ အဖြေတွေ အရိပ်ထင်
ခံစားချက်လေးတစ်ခုတော့ ထည့်ပေးခဲ့မယ်
မသိစိတ်ဆိုတာ လိမ်လည်နေဖို့ ခဲယဉ်းပါတယ်….။
ယုံကြည်ထားတယ်လား
ငါက နင့်အတွက် ငိုနေလိမ့်မယ်လို့
အမှားမဲ့ ထားရက်ခဲ့ခြင်းတွေအတွက်
ရင်နာနေဆဲမို့
အသေချာဆုံးသော နာကျည်းမှု
နင့်လို လူအတွက်….ငါ့မျက်ရည်
ရှားပါးပစ္စည်းတစ်ခုလည်း ဖြစ်နေခဲ့တယ်……။
Comment #2
ယုံကြည်ထားတယ်လား
ငါက နင့်အတွက် ငိုနေလိမ့်မယ်လို့
အမှားမဲ့ ထားရက်ခဲ့ခြင်းတွေအတွက်
ရင်နာနေဆဲမို့
အသေချာဆုံးသော နာကျည်းမှု
နင့်လို လူအတွက်….ငါ့မျက်ရည်
ရှားပါးပစ္စည်းတစ်ခုလည်း ဖြစ်နေခဲ့တယ်……။

Comment #3
ကြိုက်တယ်..ဗျာ

Comment #5
wow,,
wow,,,
wow,,,
mike de,,
mike de,,
really really nice.

Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
အလွမ်း….လေးေ၇….
အရမ်းမိုက်ပါတယ်။.ယုံကြည်ချက်လေး…အသက်ဝင်နေနိုင်ပါစေ..