တစ်ချိန်ချိန်တော့…သိပါစေ
နင်မသိလို့ပါ
ဒီနေ့ဒီချိန်ထိ နင့်အကြောင်းငါတွေးကောင်းတုန်းပဲ
နင်မသိလို့ပါ
ဒီနေ့ဒီချိန်ထိ နင့်ရှေ့ဒူးထောက်ထားတုန်းပဲ
နင်မသိလို့ပါ
ဒီနေ့ဒီချိန်ထိ နင့်ကြောင့်ရင်ခုန်တတ်တုန်းပဲ
နင်မသိလို့ပါ
ဒီနေ့ဒီချိန်ထိ နင့်ကိုအရင်လိုရူးမတတ်ချစ်နေတုန်းပဲ….
မုန်းမရတဲ့ အချစ်စစ်
နင့်နဲ့ကျမှ ချစ်မိရတယ်လို့
တကယ်အံ့သြတယ်
ဘယ်သူတွေဘယ်လိုပြောပြော
ငါ့ရပ်တည်မှုက နင်တစ်ယောက်တည်းရယ်…
ဖြေသိမ့်စရာဆိုတာ
နင်သင်ပြစရာမလိုပဲ အလိုလိုငါတတ်လာတယ်
နားလည်မှုဆိုတာ
ဟန်မဆောင်တတ်ပေမယ့် အလိုလိုရောက်လာတယ်…
တကယ်ပါ
မဆိုင်သလိုတွေးပေမယ့်
ငါ့မျှော်လင့်ချက်က နင်ဆီမှာလေ
ပိုင်ဆိုင်ဖို့မတွေးပေမယ့်
တစ်ချိန်ချိန်ဆိုတာ ငါ့အတွက်များလားရယ်လို့ပေါ့….
သေချာပါတယ်
ငါ့အတွက်နဲ့တော့ ရင်မနာစေရဘူး
ငါ့အတွက်ဘယ်လောက်ရှုံးရှုံး
နင်ကငါ့အချစ်ဆုံးမို့
ငါ့အပြုံးတွေနဲ့ နင့်နေရက်တိုင်းလှနေစေရမယ်… ချစ်သူ။
Comment #2
တကယ်ပါ
မဆိုင်သလိုတွေးပေမယ့်
ငါ့မျှော်လင့်ချက်က နင်ဆီမှာလေ
ပိုင်ဆိုင်ဖို့မတွေးပေမယ့်
တစ်ချိန်ချိန်ဆိုတာ ငါ့အတွက်များလားရယ်လို့ပေါ့….
ကဗျာတစ်ပုဒ်လုံး…အရမ်းကောင်းပါတယ။်
အားပေးသွားပါတယ် ငယ်လေး…

Comment #6
i like it so much.

Comment #9
မုန်းမရတဲ့ အချစ်စစ်
နင့်နဲ့ကျမှ ချစ်မိရတယ်လို့
တကယ်အံ့သြတယ်
ဘယ်သူတွေဘယ်လိုပြောပြော
ငါ့ရပ်တည်မှုက နင်တစ်ယောက်တည်းရယ်…
ကဗျားစာသားလေးတွေအရမ်းကြိုက်လို့အားပေးသွားတယ်နော်…နောက်လဲအားပေးနေပါဦးမယ်…
ဆက်ကြိုးစားပါဦးနော်….

Comment #10
i like so much that read again & again.
so so so so so so nice.

Comment #11
be dot ti hmar le?
huh,,,,,,,,,,
really really excellent

Comment #12
i like so so much

Comment #1
“နင်မသိလို့ပါ
ဒီနေ့ဒီချိန်ထိ နင့်ကြောင့်ရင်ခုန်တတ်တုန်းပဲ
နင်မသိလို့ပါ
ဒီနေ့ဒီချိန်ထိ နင့်ကိုအရင်လိုရူးမတတ်ချစ်နေတုန်းပဲ….
သေချာပါတယ်
ငါ့အတွက်နဲ့တော့ ရင်မနာစေရဘူး
ငါ့အတွက်ဘယ်လောက်ရှုံးရှုံး
နင်ကငါ့အချစ်ဆုံးမို့
ငါ့အပြုံးတွေနဲ့ နင့်နေရက်တိုင်းလှနေစေရမယ်… ချစ်သူ။…”
ကောင်းတယ် ငယ်လေး ရေ ကဗျာလေးရော စာသားလေးတွေရော….