လွမ်းရိပ်(မနောဖြူလေး)
လွမ်းစိတ်နဲ့ အိပ်၍မပျော်
သူခေါ်နေသံ နံရံချပ်များ
ပဲ့တင်ထပ်နေ
လွမ်းချင်းတစ်စ ရေးမရအောင်
ကျသည့်မျက်ရည် ဝေ့၀ဲနေခဲ့
ခွဲခွာနေတာ
ရက်များကြာလည်း
အသည်းရဲ့တစ်နေရာ
သူရှိမြဲကွယ်
လွမ်းလိုက်ရတာ
ပြောမပြတတ်လည်း
ကိုယ့်ရဲ့စိတ်က
လွမ်းနေဦးမယ်
လွမ်းရင်းနဲ့ချစ်
ချစ်ရင်းနဲ့လွမ်း
ကိုယ့်ရဲ့အလွမ်းက
မောင့်ရဲ့အချစ်နဲ့
ကျေပျက်နိုင်မယ်
ပြန်လာမယ့်ရက်
လက်ချိုးရေရင်း
အလွမ်းများနဲ့
စောင့်နေမယ်……
ရေးသားသူ မနောဖြူလေး
www.manawphyu.net
Comment #3
ကိုဇော်သက်ဦးရဲ့ အားပေးတာကလည်း ဘာမှလည်း ရေးမသွားပါလားရှင့်။ ဝေဖန်ပေးကြပါဦးနော်…
By: မနောဖြူလေး at Sep 6, 2011
Comment #4
လွမ်းလိုက်တာဗျာ…..
By: E-than at Nov 1, 2011
Comment #5
he.he.
super like.
kwat ti be
By: ei lay at Mar 5, 2013
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
အားပေးနေတယ်..