ဒိုင်းနိုဆောနှင့် ပုရွက်ဆိတ်ပုံပြင် – နရီထက်
ညက အလင်းရောင်ကို စောင့်တယ်
အာရုံဥာဏ်ဦးကို နိုးထစေတယ်
ကန်ရေပြင်က တည်ငြိမ်ခြင်းကို စောင့်တယ်
မိုးစက်တွေကို မျှော်နေတယ်
သဲကန္တာရက လေကြမ်းကို စောင့်တယ်
သဲမှုန့်စတွေကို လေလွင့်စေချင်တယ်
အပြောက အလုပ်နှင့် သက်သေတည်တယ်
အထင်ကြီးမှုနှင့် မှားယောင်စေတယ်
ထီတွင်မှုတိုင်းက တန်ဘိုးမရှိဘူး
အောင်မြင်မှုတိုင်းက အစမ်းသပ်ခံ မဟုတ်ဘူး
ကြိုးပမ်းမှုတိုင်းက အရာမထင်နိုင်ဘူး
ကျော်ကြားမှုကို ဦးညွတ်စေတယ်
ကျော်ကြားသူ ဖြစ်အောင် မကြိုးစားပါနှင့်
တန်ဘိုးရှိသူ ဖြစ်အောင် နေလိုက်ပါ…။ ။
နရီထက်
( ၁၈ ၊ ဇွန်လ ၊ ၂၀၁၁ )
Comment #2
ဟုတ်ကဲ့ပါ… ညီလေး သူရရေ… ကျေးဇူးပါ…

Comment #3
အရမ်းကိုကောင်းတဲ့ကဗျာလေးပါအကိုကြီး
အရမ်းလည်းတော်ပါတယ်ဗျာ

Comment #4
ကျေးဇူးပါ… ချစ်ညီမငယ်…

Comment #6
ကျေးဇူးပါ… ညီ

Comment #7
သည်ကဗျာသည် 2011 သြဂုတ်လထုတ် အပြင်စီးမဂဇင်း(မလေးရှား)တွင် ဖော်ပြခြင်းခံရသည်။

Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ဒိကဗျာ လေးက လောကကြိးမှာ ဖြစ်တတ်တာတွေ နဲ့ ပိးတော့ ပညာပေးတဲ့ ကဗျာလေးပဲ .ကောင်းပါတယ် ကိုကြိး ရေးတဲ့ ကဗျာတိုင်းကိုကြိုက်တယ် ဖက်အားပေးနေမယ်နော်။