မေလ 1 ရက်နေ့ ရယ် .. . ဖြစ်နိုင်ရင် သက္ကရာဇ်တွေ ထဲမှာ မရှိ ပါနဲ့ လား .. .
တစ်ချိန်က သူနဲ့ ပြောခဲ့ဘူးတဲ့ Mail တွေကို ပြန်ဖတ်ကြည့်မိ . ..
နေကောင်းလားလို့ ဂရုတစိုက်မေးတတ်သည့် ..သူမ
မေလမှာ သိခဲ့ပြီး မေလမှာပဲ နှုတ်ဆက်ရတော့မည် ….
သူ့ကို ဆရာလုပ်တာ မကြိုက်ဘူး ..
တင်တင်ခိုင် …လေ
အိပ်မက်တွေကို ပိုင်သူပေါ့
ဘ၀ကို control လုပ် ၊ အုပ်ချုပ်နိုင်သူ
…………… အခုတော့ မဆိုင်လူတွေ လိုပဲ
တစ်နေ့ ကို ဖုန်း 3ခါ ဆက်တယ်.
ည 8 ခွဲ ဆို ငါ သိပ်ပျော်ပေါ့ . .
ဖုန်းသံက သူမကို တစ်ပါတည်း ခေါ်ဆောင်လာခဲ့
ချစ်သူမဟုတ်ပဲနဲ့ ရင်ချင်းဆက်ခဲ့တဲ့ ရက်တွေလေ. .
အခုအချိန်ပြန်တွေးတော့ ငိုချင်း ထပ်
အိပ်မရတဲ့ ညတွေ ပဲ ဆက်လာတယ်
အလုပ်မသွား ခင် မနက်စာ အတူတူစား ..
ကော်ဖီ ခါးခါးတစ်ခွက်လေ . .. ၊ 6 ထပ်ကြီး နားမှာလေ …
…………………………………ချောင်ကျကျ လက်ဖက်ရည်ဆိုင်လေးမှာလေ ၊
အခုတော့ အဲဒိမနက်တွေ ပုပ်သိုး ကုန်ပြီပေါ့ ခိုင် . . ..
.. ကလင် … ကလင် . .
ဟဲလို . .. .ခိုင် လား. .. .. ရဲနောင် … ..နေကောင်းရဲ့လား
…………..
အဲဒိလို ဂရုတစိုက်မေးသံတွေနဲ့
ဖုန်းထဲမှာ အလွမ်းတွေသယ်
……… အချစ်ရယ် ရဲနောင် ဆိုတဲ့ ကောင် ဘယ်လိုခံစားနေရမလဲ
မင်း လာ ကြည့်ပါလား ………..
အခုတော့ အဲဒိဖုန်းသံတွေ ရုပ်ဆိုး ကုန်ပြီပေါ့ ခိုင်ရာ . . ..
…
မင်းယူမယ့် ယောကျာ်း .. ငါ့ထက်ပို ပြီး မင်းကို ပျော်အောင် ထားနိုင်လို့လား ကွာ
ဘာလို့ လွန်ခဲ့တဲ့ 5နှစ်ကျော်က ငါတို့တွေ မတွေ့ ဖြစ်ခဲ့ကြတာလဲ
.. အတိတ်က ပုံရိပ်တွေ နဲ့ ပဲ အခုတော့ အလွမ်းဖြေနေရတယ် ( မပြေနိုင်တဲ့ အလွမ်းတွေ ကိုလေ )
မေလ 1 ရက်နေ့ ရယ် .. . ဖြစ်နိုင်ရင် သက္ကရာဇ်တွေ ထဲမှာ မရှိ ပါနဲ့ လား .. .
Comment #1
nice poem . . . .