ရေစိုသွားသောအိပ်မက်များ
ကမ်းတွေကိုဖျောက်ပစ်ကြမယ့်အတူတူ
လှိုင်းရေ . . . မလာပါနဲ့တော့
ကြေးစားဆန်သွားတဲ့ရင်ခွင် . . . သူ့အဓိပ္ပါယ်နဲ့သူ ရှိပါစေ ၊
စကားလုံးတိုင်း အစစ်အမှန်ဖြစ်ဖို့မလိုပေမယ့်
ဖြစ်ရပ်တွေတိုင်းက အသံကျယ်ဖို့လိုနေပါလိမ့်မည် ၊
အတူတွဲမလျောက်ချင်တဲ့ ခြေလှမ်းအတွက်တော့
ဖိနပ်တွေကိုစီးပြီး .. ခရီးတွေကို ငြင်းဆန်ကြပါစို့ ၊
ရန်သူကိုလက်ဆွဲနှုတ်ဆက်ဖို့အထိ
ကျနော့်လက်နှင့် စိတ်ရောကိုယ်ပါ မယဉ်ကျေးနိုင်ကြောင်းကို
စိတ်လိုလက်ရပြောပြဖို့ ကျနော့်စိတ်ဓါတ်တို့လျော့ရဲလွင့်ပါးနေပါသည် ၊
မြှားတို့၏ တည့်မတ်ခြင်းသည်
ပစ်မှတ်၏ သင်ကြားမှုတစ်ခုဖြစ်သကဲ့သို့
ခင်ဗျားရဲ့လွတ်လပ်ပေါ့ပါးမှုသည်
ကျနော်၏ ပျော်ရွှင်မှုအတွက်သာဖြစ်ပါသည် ဟု
မျက်စိစုံမှိတ်၍ ယုံကြည်လိုက်ရသောအခါ . . .
ကျနော့်ရဲ့သွေးစတစ်ချို့စီးဆင်းရာလမ်းအဆုံးသည်
ခင်ဗျားရဲ့ခြေဖ၀ါးအောက်သို့ ဖြစ်နေပါမူ
. . . . . . . . . . ကျေးဇူးပြု၍ လျစ်လျူရှုပါရန် . . . . . . . . . .
Comment #2
ကြေးစားဆန်သွားတဲ့ရင်ခွင် . . . သူ့အဓိပ္ပါယ်နဲ့သူ ရှိပါစေ ၊
Comment #3
ခင်ဗျားရဲ့လွတ်လပ်ပေါ့ပါးမှုသည်
ကျနော်၏ ပျော်ရွှင်မှုအတွက်သာဖြစ်ပါသည် ဟု
မျက်စိစုံမှိတ်၍ ယုံကြည်လိုက်ရသောအခါ . . .
ကျနော့်ရဲ့သွေးစတစ်ချို့စီးဆင်းရာလမ်းအဆုံးသည်
ခင်ဗျားရဲ့ခြေဖ၀ါးအောက်သို့ ဖြစ်နေပါမူ
. . . . . . . . . . ကျေးဇူးပြု၍ လျစ်လျူရှုပါရန် . . . . . . . . . .
Comment #4
မြှားတို့၏ တည့်မတ်ခြင်းသည်
ပစ်မှတ်၏ သင်ကြားမှုတစ်ခုဖြစ်သကဲ့သို့
Comment #1
ရန်သူကိုလက်ဆွဲနှုတ်ဆက်ဖို့အထိ
ကျနော့်လက်နှင့် စိတ်ရောကိုယ်ပါ မယဉ်ကျေးနိုင်ကြောင်းကို
စိတ်လိုလက်ရပြောပြဖို့ ကျနော့်စိတ်ဓါတ်တို့လျော့ရဲလွင့်ပါးနေပါသည်
…………။။။။။။။။။။…………….
အဲအပိုဒ်အကြိုက်ဆုံးပဲ……စိတ်ရောကိုယ်ပါမယျဉ်ကျေးနိုင်ဘူး….ဆိုတဲ့စကားလုံးသုံးထားတာမိုက်တယ်
ဘဘ ……