မင်းတို့မုန်းတဲ့ ပန့်….
မင်းတို့မုန်းတဲ့ ပန့်….
လုကျင့်ဝတ် အဟောင်းအပြင်းတွေကို
အမြစ်ကနေ ဆွဲနုတ် သီချင်းလုပ်တာ….
ခေါင်းစဉ်တွေ ရိုက်ချိုး
ပလက်ဖောင်းဘေးလဲ
ကိုယ်ဖလိုးနဲ့ကိုယ်ဒိုးတယ်….
သွေးမရှိရင် နောက်ဆုတ်..
ဟောဒိ ၀တ်ထားတဲ့ ဘောင်းဘီက..
‘ဇ’ မျိုးစုံနဲ့ ချုပ်ထားတာ…
BPM 150 အထက်မှာဘဲ…
မုဒ်တွေ တည်ထား…
တင်းထားတဲ့ မေရိုးတစ်လျှောက်
ဖြတ်ဆင်းသွား တဲ့..
ပန့် တေးသွားက…
ဂစ်တာ ဖလက် ကို ဆွဲကုတ်….
ဂီတ အတုတွေကို ..
ဘေးမောင်းထုတ်လိုက်တယ်…
ဟန်ဆောင်ခြင်းတွေ နောက်ဆုတ်….
Hardcore တစ်ကောင်…
သီချင်းလုပ်တယ်….
၆ကြောင်း မပြည့်တဲ့
စာသားနဲ့…
သံစဉ် ရဲ့ မယ်လိုဒီ
အတက်အကျ…..က…
လွတ်လပ်တဲ့ ဂီတ အဖြစ်…
နူးညံ့ စွာရိုက်ဖွင့်တယ်…
ဟ ထားတဲ့ ရင်ဘတ်က
လတ်ဆတ်တဲ့ သံစဉ်
ဆာလောင်မှု နဲ့..
Leather Jacketက
စတေကာပြုတ်အထွက်…….
လက်ဖျံမှာထိုးထာတဲ့ တက်တူးက
“Punk NoT Dead”
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
အားပေးပါ၏