အသင်
အသင်…..အရင်ကလူတွေနဲ့ယှဉ်နှိုင်း…
ကျွန်ုပ်ရိုင်းခဲ့ရင်..ခွင့်လွှတ်ပေးပါ
အချစ်မှာ..အနာအဆာမကင်းခဲ့ပေမယ့်
အလိမ်အညာရှင်းခဲ့ပါတယ်………။
အသင်….မမြင်ခင်ကတည်းက
အထင်နဲ့တိုင်း…..မှိုင်းတိုက်ပစ်ခဲ့..
အိပ်မက်ဟောင်းပမာ….
အတိတ်မကောင်းပေမယ့်..
အဆိပ်အတောက်ကင်းခဲ့ပါတယ်……။
အသင်…..ခေါင်းစဉ်ပေါင်းများစွာအောက်
ကျွန်ုပ်ကို….ကြိုးဆွဲ…
စေလိုရာစေ…ဈာပနာလည်း..
ချပေးခဲ့ရပါပြီ…..
မထိတပါး..ရိတပါး
ဒီအသက်ရဲ့ရဲ့ ကို ခနဲ့ကာ…မညှင်းပါနဲ့….
ဘယ်နှကြိမ်သတ်သတ်..ချစ်တယ်ဆိုပေမယ့်
စက်ရုပ်သာသာအသည်း
ရှင်သန်ခွင့်လေးပေးလှည့်ပါ…………။
အသင်……အချစ်ပြယ်လို့ ပစ်ပယ်ခဲ့ပြီပဲ
အမှိုက်အဖြစ်နဲ့..လေလွင့်ရသူကို
ခြေနင်းကာ..အပြတ်ရှင်းလိုကလည်း…..
အသင့်သဘော..လည်ဆင်း..ပေးထားသူပါ…..။
ကျွန်ုပ်အတိတ်..ပစ္စုပန်..အနာဂတ်
အသင့်ထံ….တောင်းပန်စွာ ဆက်သခဲ့ပြီးသားမို့
အယူခံရယ်မျှ ..မ၀င်လိုခဲ့.
တကယ်တော့..အသင်..
ပျော်မယ်ဆို…..ဖော်ကွာကာကင်း..
အထီးကျန်နေ့ရက်များထဲ..
မညည်းညူစွာ….မင်းမူပါ့မယ်…
အသင်ဟာ….ကျွန်ုပ်…ဘ၀ရဲ့ သခင်….ပါ….။ ။
Comment #2
အသင်…..အရင်ကလူတွေနဲ့ယှဉ်နှိုင်း…
ကျွန်ုပ်ရိုင်းခဲ့ရင်..ခွင့်လွှတ်ပေးပါ
အချစ်မှာ..အနာအဆာမကင်းခဲ့ပေမယ့်
အလိမ်အညာရှင်းခဲ့ပါတယ်………။
အသင်….မမြင်ခင်ကတည်းက
အထင်နဲ့တိုင်း…..မှိုင်းတိုက်ပစ်ခဲ့..
အိပ်မက်ဟောင်းပမာ….
အတိတ်မကောင်းပေမယ့်..
အဆိပ်အတောက်ကင်းခဲ့ပါတယ်……။
အသင်…..ခေါင်းစဉ်ပေါင်းများစွာအောက်
ကျွန်ုပ်ကို….ကြိုးဆွဲ…
စေလိုရာစေ…ဈာပနာလည်း..
ချပေးခဲ့ရပါပြီ…..
မထိတပါး..ရိတပါး
ဒီအသက်ရဲ့ရဲ့ ကို ခနဲ့ကာ…မညှင်းပါနဲ့….
ဘယ်နှကြိမ်သတ်သတ်..ချစ်တယ်ဆိုပေမယ့်
စက်ရုပ်သာသာအသည်း
ရှင်သန်ခွင့်လေးပေးလှည့်ပါ…………။
မမိုး…အားပေးသွားပါတယ်…ထပ်တူထပ်မျှခံစားရပါတယ်………

Comment #12
အရမ်းကောင်းပါတယ်..ကြိုက်တယ်ဗျာ.ခံစားချက်လေးတွေကို

Comment #13
ရေးချက်က ရက်စက်လွန်းတယ် အစ်မတော်ရေ
ရင်မခိုင်ရင်တော့ ပုလဲတွေခသွားနိုင်တယ်
အစ်မတော် ရေးချက်တိုင်းက အပြင်းစားတွေမို့ ဒီလောက်ပဲပြောသွားတယ်အစ်မတော်ရေ
နောက်မှ မုန့်ဝယ်ကျွေး ( just kidding) ။

Comment #14
same with x-ray

Comment #15
အရမ်းတယ်ဆိုတာထက် ပိုပါတယ်

Comment #16
စာလုံးက ကျန်ခဲ့တော့မှ connection ကအရမ်းကောင်းနေတယ် 🙂
………………
အရမ်းကောင်းတယ်ဆိုတာထက် ပိုပါတယ်လို့

Comment #1
အထီးကျန်နေ့ရက်များထဲ..
မညည်းညူစွာ….မင်းမူပါ့မယ်…
အသင်ဟာ….ကျွန်ုပ်…ဘ၀ရဲ့ သခင်….ပါ….။ ။
မမိုး…အားပေးသွားပါတယ်။