နင်ထားရစ်ခဲ့တော့ ….
ရင်ခွင်တံခါးက
နင်ညင်သာစွာထွက်ခွာသွားချိန်
လွမ်းလည်းမထူးတဲ့ နင့်ရက်စက်ခြင်းတွေကြောင့်
ငါငိုနေတာ နင်ကတော့ဘယ်သိမလဲ ……
နင်မရှိတဲ့ ရက်တွေမှာ
ခံစားချက်များ မြေမှာပြန့်ကျဲသွားတဲ့
ကယောက်ကချာ ငါ့အဖြစ်တွေကို
နင်ကတော့ ဘယ်နှစ်သိမ့်နိုင်ပါ့မလဲ ……..
နှုတ်ဆက်လမ်းခွဲချိန်မှာ
လေထဲလွင့်မျောပျောက်ကွယ်သွားတဲ့
ငါ့ရဲ့ စိတ်ကူးယဉ်အိပ်မက်တွေက
လှောင်ပြောင်ရယ်မောနေတာကို
နင်ကတော့ ဘယ်ကြားနိုင်မလဲ………….
တဖြည်းဖြည်းဝေးကွာသွားတဲ့
နင့်ရဲ့ကျောပြင်ကိုကြည့်ပြီး
ငါအသည်းကွဲနေရမလား………….
Comment #4
nice poem.
nothing special except heart-broken par.
By: ei lay at Jun 23, 2011
Comment #5
When do I get My turn?
By: jocker at Dec 27, 2012
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ရင်ခွင်တံခါးက
နင်ညင်သာစွာထွက်ခွာသွားချိန်
လွမ်းလည်းမထူးတဲ့ နင့်ရက်စက်ခြင်းတွေကြောင့်
ငါငိုနေတာ နင်ကတော့ဘယ်သိမလဲ ……
အားပေးသွားပါတယ်။