နားလည်မှု
” နားလည်မှု”
မျက်ရည်တွေနဲ့ ကြေကွဲငိုကြွေးနေတဲ့ 
နှလုံးသားကစကားဆိုတယ်
အချစ်ဆိုတာ
ပေးဆပ်ခြင်းနဲ့ စွန့် လွှတ်အနစ်နာခံခြင်းတဲ့ …..
အပြုံးတွေနဲ့ ကြည်နူးဝေဆာနေတဲ့ 
နှလုံးသားကစကားဆိုပြန်တယ်
အချစ်ဆိုတာ
ရယူပိုင်ဆိုင်ခြင်းပါတဲ့ …..
စစ်မှန်တဲ့ ချစ်ခြင်းနဲ့ ဖြူစင်တဲ့ 
နှလုံးသားစကားဆိုပြန်တယ်
အချစ်ဆိုတာ
သိပ်ချစ်ကြတဲ့  ချစ်သူနှစ်ဦးကြားကပေါက်ဖွားလာတဲ့ 
” နားလည်မှု” လေးပါတဲ့ …..
မိုးသားဖြူ
Comment #2
really really like.
super like
Comment #3
i need “understood”.
🙁
Comment #4
>___<
Comment #1
right,,
right.