ရှောင်ရှားခြင်း
မလှမပနဲ့ ဖိတ်ကျလာတဲ့အနမ်းတစ်ချို့ကို
ပြက္ခဒိန်ထဲမှာ လက်ချိုးရေကြည့်မိတော့
သစ်လွင်တောက်ပစွာ လှုပ်ရှားနေလေရဲ့
ကြည့်စမ်း….ကြည့်စမ်း……
အရောင်တွေကို စိုပြေလို့
ငါတို့စောလွန်းခဲ့ကြတယ် ။ ။
သတိတရနဲ့ ထုတ်ကြည့်လိုက်မိတယ်
အချစ်သင်္ကေတပါတဲ့ ပုလင်းခွံတစ်လုံး
နာကျင်မှုနယ်စပ်မှာ တင့်တယ်စွာရှိနေလေရဲ့
ကြည့်စမ်း…..ကြည့်စမ်း……
အထဲမှာ လူလေးတစ်ကောင်
ငါအသိနောက်ကျခဲ့တယ် ။ ။
ချိုအီနေပီဖြစ်တဲ့ နောင်တတွေကိုပဲ
ငတ်မွတ်နေတဲ့ သူရူး တစ်ယောက်လို
မြိန်မြိန်ရှက်ရှက် စားသုံးလိုက်တော့မယ်
နောင် တစ်ချိန်မှာ မတမ်း တ မိအောင်ပေါ့…………
(တစ်ချိန်ကမိုက်မဲမှုများအတွက်)
………………။။။။။။။။။။………………
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ချိုအီနေပီဖြစ်တဲ့ နောင်တတွေကိုပဲ
ငတ်မွတ်နေတဲ့သူရူးတစ်ယောက်လိုပဲ
မြိန်မြိန်ရှက်ရှက် စားသုံးလိုက်တော့မယ်
နောင် တစ်ချိန်မှာ မတမ်း တ မိအောင်ပေါ့…………
(တစ်ချိန်ကမိုက်မဲမှုများအတွက်)
………………။။။။။။။။။။………………