ငါ့ကိုယ်ငါပေးတဲ့ ဒုက္ခ…
ငါ့ကိုယ်ငါပေးတဲ့ ဒုက္ခ…
အဲဒီ ဒုက္ခကြောင့် ငါ့လက်တွေ ပေကျံနေခဲ့ရတာကြာပြီ
အဲဒီဒုက္ခကြောင့် ကဗျာတွေကို လေလံ မတင်ရဲခဲ့တာကြာပြီ
အဲဒီဒုက္ခကြောင့် ငါ့အတွေးတွေ ရှေ့ဆက်မတိုးရဲခဲ့တာ ကြာပြီ
အဲဒီ ဒုက္ခကြောင့် ငါ့ဘ၀နဲ့ ငါ့အသက်ကို ရပ်တန့်ပစ်ခဲ့တာကြာပြီ
အဲဒီ ဒုက္ခကြောင့် ငါ့ပါးပြင်ဟာ အမြဲလို ပူနွေးနွေးဖြစ်နေခဲ့ရတာ ကြာပြီ
အဲဒီ ဒုက္ခကြောင့် ငါ့မျက်နှာကို လူကြားသူကြား ဖော်မပြရဲခဲ့တာ ကြာပြီ
အဲဒိ ဒုက္ခကြောင့် ငါနှလုံးသားဟာလည်း အမြဲလိုလို အေးစက်နေခဲ့ရတာ ကြာပြီ
အဲဒီဒုက္ခကြောင့် ငါ့မျက်ရည်ကို ကမ္ဘာကြီးရဲ့ ကျမ်းမာရေးအတွက် ငါလှူနေခဲ့မိတာ ကြာပြီ
Comment #2
ကောင်းတယ်ဗျာ
Comment #3
oh my god…
i don’t know exactly but i like ur poem.
Comment #4
read again par
Comment #5
နားလည်ပြီ နားလည်ပြီ လက်စသပ်တော့ သံကြိုးတွေ ပြတ်သွားတာပဲ ကိုးဗျ။ သည်ကြော်ငြာမှာ ‘ကအက္ခရာများသာပါသည်’ဆိုတာမျိုး မမြင်မှာဆိုးလို့ မီးပြပေးနေပုံများ ပြောပါတယ်။နားလည်အောင်လိုက်ရှင်းပြနေရင်း ဖီလာဒယ်ဖီးမြို့ ဒါမှမဟုတ် ဖီလာဒယ်ဖေလ်းမြို့လား ဒါနဲ့ သူရို့ သောက်နေတဲ့ ခွက်က ဘာထည့်ထားတာတုန်း အင်္ဂါနေ့က အစီအစဉ် သောကြာနေ့ရောက်မှပဲ ဖွင့်ကြည့်မိတော့တယ် သမီးကိုရွေးပါ သားကိုရွေးပါ ပထမတန်းသချာင်္ လာလည်သွားတယ်နော် ငါတို့ယောင်္ကျားအောက်သွားမရှိ လာပြီလေ အင်းအင်း ဒါပါပဲကွယ် ကောင်မလေးရယ် ခေါက်ဆွဲ ပြုတ်စား ရင် အပေါ်ကခွက်ကြီးနဲ့ ထည့်မစားပါနဲ့။
Comment #6
အဲဒီ ဒုက္ခကြောင့် ငါ့မျက်နှာကို လူကြားသူကြား ဖော်မပြရဲခဲ့တာ ကြာပြီ
me too
Comment #1
goodတယ်ဗျ