တွင်းနက်
ပြည်တယ်ကိုမရှိတဲ့အမှောင်
အလင်းထဲချွေးတလုံးလုံးနဲ့ လျှောက်လာ
မထင်မှတ်တဲ့ မနှစ်မျို့မှုတွေက ထူထူထောင်ထောင်
ကျောသပ်ရင်သပ်ဟာဝတ်ရုံနက်ကိုခြုံလို့
ဘယ်လိုမှ ဖုတ်သွင်းလို့မရတော့
သဘောအလိုအတိုင်းသာ မီးဆင်ပြီးက
တယောအိုတစ်လက် ငိုင်ငိုင်ကြီးခွေကျ
ဇောက်မနက်တဲ့ ဥခွံအကွဲထဲ
ပြင်းပြင်းရှရှစွေနေလိုက်ပုံများ
ချိန်တွယ်ရတာ လက်ဝင်တယ်
အတွေးတွေကို ကျင်ယူရင်း
ထွင်းထွင်းနေရတဲ့ ဒုက္ခဟာ
အခုချိန်ထိ ကျကျနန အံချော်နေတုန်း…။ ။
Comment #3
ခက်ခက်ခဲခဲနဲ့ နားလည်အောင် အပီဖတ်သွားတရ်နော့…
By: sandi at Jun 27, 2011
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
အားပေးပါတယ်..။