မိုးရာသီပုံပြင်
ဒီမိုးထဲမှာပေါ့…
သူနဲ.တို့ စတွေ့ခဲ.တာ…..
မိုးချုန်းသံတွေ
မိုးရေကျသံတွေကို နားထောင်ရင်း
မိုးကိုချစ်တဲ. တို့နဲ.
တို့ကိုချစ်တဲ. သူနဲ.
ပျော်ရွှင်ရယ်မောခဲ.ကြဖူးတယ်….
မိုးရေတွေကို ငေးကြည့်ရင်း
တို့ သူ့ကို စောင့်မျှော်ခဲ.ဖူးတယ်….
သူ့ကားလေး မိုးရေထဲကနေ
တို့ဆီလာနေတာကို ငေးကြည့်ရင်း
တို့ ရင်ခုန်ပျော်ရွှင်ခဲ.ဖူးတယ်….
ဒီမိုးထဲမှာပေါ့…
တို့တွေ နှုတ်မဆက်ပဲ ခွဲခွါခဲ.ရတာ…
မိုးရေကျသံ၊
မိုးချုန်းသံတွေကို နားထောင်ရင်း
တို့မိုးနဲ. အပြိုင် ငိုနေရပါပြီ…..
သူ့ကားလေး ပေါ်မလာနိုင်တော့မှန်း သိရက်နဲ.
တို့ မိုးရေတွေကို ငေးကြည့်ရင်း
သူ့ကိုစောင့်မျှော်နေဆဲပါ……..
P <3
Comment #2
ကျေးဇူးတင်ပါတယ် ခန့်နောင် ရေ 😀
By: Po at Jun 23, 2011
Comment #3
တိုက်ဆိုင်မှုတချို့ကြောင့်အားပေးသွားပါတယ်…
By: အသဲကွဲမိုး at Jun 23, 2011
Comment #5
ကျေးဇူးပါပဲ အသဲကွဲမိုး နဲ. Poekglay…….
By: Po at Jun 23, 2011
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
မိုးထဲမှာ စောင့်နေသူရေ…..အမြန်ဆုံးရောက်လာပ်ါစေ….
မိုးထဲမှာပဲ………………..အားပေးသွားတယ်နော်သူငယ်ချင်း……