အသည်းကွဲဇာတ်လမ်း
တမ်းတခြင်းတွေ မိုးမိခဲ့တဲ့အခါ
မြောက်ပြန်လေငွေ့ ထဲ အသည်းကွဲသီချင်းတွေက
နှာတွေဘာတွေစည်းလို့ ။။။
အသည်းကွဲတယ်ဆိုတာ
မြို့ မငြိမ်းရဲ့ တေးသွားလိုတော့
ကြည်ကြည်နူးနူးလေးတော့ ဘယ်ဟုတ်ပါ့မလဲ။။။။
ဘယ်သူ ဆားခက်သွားသလဲ မသိတဲ့ ပင်လယ်ရေလို
ငါ့ အသည်းကွဲဇာတ်လမ်းကတော့
ဘာလိုလိုနဲ့  ငန်သွားခဲ့ရပြီ။။။ကောင်မလေးရေ
ကဲ…ဘယ်လိုလဲ
နီကိုရဲ ရဲ့ ဟာသစာအုပ်လေးဖက်ပြီး
မင်း ငါ့ကိုဟားနေမလား။။။။
အိပ်ပျော်အောင်အိပ်ပါ။။။
စားဝင်အောင်စားပါ။။။။
နေပူထဲ မထွက်ပါနဲ့ ။။။
ကဲ…အိပ်ပြီ။။။
Comment #6
mike de.
mike de.
me too.
By: ei lay at Jul 30, 2011
Comment #7
read again & feel again.
like much more,
😛
By: ei lay at Jun 20, 2012
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
စာသားတွေကအမိုက်စားပဲ
မဟားပါဘူးကွယ်
နေပူထဲသွားရင်ထီးယူမယ်
မအိပ်ပါနဲ့အုံး