သူ……
အချစ်ဆိုတာ
၅၂၈ ပဲလို့ 
နားလည်ထားတဲ့
တို့ ရဲ့ နှလုံးသားကို
အရောင်ဆိုးခဲ့တဲ့
သူ……
အကြည့်တစ်ချက်နဲ့ တင်
တို့ အသည်းကို
ပြာချခဲ့တဲ့
သူ…….
တို့ ကို
အလွမ်း သီချင်းတွေ
ခံစားတတ်လာအောင်
သင်ပေးခဲ့တဲ့
သူ…….
တို့ ကို
အချစ်ရူးလေးဖြစ်အောင်
စေစားခဲ့တဲ့
သူ…….
သူ့ ကိုမှ တို့ က
အငြိုးကြီးကြီးချစ်နေရတာကို
သူသိရင်
တို့ ဘ၀ဟာ ပြည့်စုံပါပြီ…….
P<3
Comment #2
သူ့ ကိုမှ တို့ က
အငြိုးကြီးကြီးချစ်နေရတာကို
သူသိရင်
တို့ ဘ၀ဟာ ပြည့်စုံပါပြီ…….။
အားပေးသွားပါတယ်။
By: ချမ်းငြိမ်းအောင် at Jun 24, 2011
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
အလွမ်း သီချင်းတွေ
ခံစားတတ်လာအောင်
သင်ပေးခဲ့တဲ့
သူ…….
ကောင်းပါတယ်။…အားပေးသွားပါတယ်။