အချိန်တန်ရင် အိမ်ပြန်ရမယ် … ဇွန်မီ – နရီထက်
တိမ်လွှာတွေ ရွေ့လျားပြေးဆော့နေတဲ့ တစ်နေ့
နင့်စိတ် တွေ ကစားနေခဲ့တယ်
ဝင်းရိုးစွန်းတစ်ဘက်တစ်ချပ်မှာ ဘာတွေရှိနေသလဲ..
အကျခံမျက်ရည်တွေက တိုးတက်မှုကို တားဆီးမနေခဲ့ဘူး
ခြေလှမ်းတွေက တိုးတက်မှုကို ခြေရာခံနေပြီးထားပါ…
နင်…စိတ်တွေ လှုပ်ရှားနေခဲ့တယ်
မိုးကုပ်စက်ဝိုင်းတစ်ဘက်မှာရော ဘာတွေရှိနေသလဲ…
နွေးထွေးမှုက အနွေးထည်တစ်လောက် အရောင်းမသွက်ခဲ့ဘူး
ကြင်နာမှုက ထီးတစ်လက်လောက် အကာအကွယ်မဖြစ်ခဲ့ဘူး
ဂရုစိုက်မှုတွေက ပါးလွားဟောင်းနွမ်းသဲကြိုးပြတ်လုနီးပါး ဖိနပ်တစ်ရံဖြစ်နေလောက်ပြီး…
မိုးကုပ်စက်ဝိုင်းအခြားတစ်ဘက်၌ ဘာတွေ ထပ်ကျန်နေသလဲ…
နင်စိတ်တွေက လှုပ်ရှားနေတယ်
ပွဲလန့်တုန်း ဖျာခင်းနေသူကြား…
နေရာတစ်နေရာက အရိပ်တစ်ခုလောက် အေးမြခွင့်ရခဲ့လိုလား
ဟန်ဆောင်မျက်နှာဖုံးတွေကြား…
နှုတ်ဆက်အပြုံးတွေက ချိုမြတဲ့ ပျားရည်စက်တွေ ဖြစ်ခွင့်ရှိခဲ့သလား
မျှော်လင့်ချက်တွေက များ…
အရောင်မှေးမှိန်သွားတဲ့ ပဲ့အပ်ထွက်နေဓါတ်ပြားဟောင်းများ ဖြစ်နေပြီးလား
ရာသီအပြောင်းအလဲတွေကြား..
ပန်းတွေက ပွင့်တစ်ချက်မပွင့်တစ်ချက်ရယ်
မေတ္တာတွေက မလန်းခဲ့ဘူး
တာရှည်မခံနိုင်တော့တဲ့ သည်းခံစိတ်တွေက
အအေးဆုံး သုညဒီဂရီကို ကျော်လွန်လေပြီး…
မမှတ်မိချင်ဆုံး က မိုးချုပ်မိုးလင်း နေ့ရက်တွေပါ…
နင့်စိတ်တွေက ၀င်းရိုးစွန်းတစ်ဘက်ကို လှမ်းကြည့်ချင်နေဆဲပါ..
နရီထက်
( ၂၄ ၊ ဇွန်လ ၊ ၂၀၁၁ )
Comment #2
ကိုနရီထက်…
ကောင်းတယ်ဗျ။အားပေးနေပါတယ်။
Comment #3
အေး… ညီမလေး…. အားပေးနေတဲ့အတွက် ညီမလေး မြင့်မိုရ်ကို ကျေးဇူးပါ…
Comment #4
ကျေးဇူးပါ…poem.poem28
Comment #8
အကျခံမျက်ရည်တွေက တိုးတက်မှုကို တားဆီးမနေခဲ့ဘူး
ခြေလှမ်းတွေက တိုးတက်မှုကို ခြေရာခံနေပြီးထားပါ…
ဒီစာသားလေးကိုအရမ်းကြိုက်တယ်… မျက်ရည်တွေနဲဘ၀ကိုတားဆီးမထားချင်ဘူး
တိုးတက်ဖိုတော့ကြိုးစားတယ်… တိုက်ဆိုင်တယ်…အားပေးတယ်နော်
Comment #9
နွေးထွေးမှုက အနွေးထည်တစ်လောက် အရောင်းမသွက်ခဲ့ဘူး
ကြင်နာမှုက ထီးတစ်လက်လောက် အကာအကွယ်မဖြစ်ခဲ့ဘူး
ဂရုစိုက်မှုတွေက ပါးလွားဟောင်းနွမ်းသဲကြိုးပြတ်လုနီးပါး ဖိနပ်တစ်ရံဖြစ်နေလောက်ပြီး…
Comment #10
Thank you ပါ… အမြဲစိမ်း..
Comment #11
Thank you ပါ.. အသဲကွဲမိုး….
Comment #12
ကျေးဇူးပါ… ညီလေး ဇော်သက်ဦး
Comment #13
Thank you ပါ… May Kha
Comment #14
ကြိုက်တယ် ခေါင်းစဉ်လေးလည်းကြိုက်တယ် ပိးတော့ ဒိအပှဒ်လေးတွေ ကိုလည်း သဘောကျတယ်ပွဲလန့်တုန်း ဖျာခင်းနေသူကြား…
နေရာတစ်နေရာက အရိပ်တစ်ခုလောက် အေးမြခွင့်ရခဲ့လိုလား
ဟန်ဆောင်မျက်နှာဖုံးတွေကြား…
နှုတ်ဆက်အပြုံးတွေက ချိုမြတဲ့ ပျားရည်စက်တွေ ဖြစ်ခွင့်ရှိခဲ့သလား
မျှော်လင့်ချက်တွေက များ…
အရောင်မှေးမှိန်သွားတဲ့ ပဲ့အပ်ထွက်နေဓါတ်ပြားဟောင်းများ ဖြစ်နေပြီးလား
ရာသီအပြောင်းအလဲတွေကြား..
ပန်းတွေက ပွင့်တစ်ချက်မပွင့်တစ်ချက်ရယ်
မေတ္တာတွေက မလန်းခဲ့ဘူး
တာရှည်မခံနိုင်တော့တဲ့ သည်းခံစိတ်တွေက
အအေးဆုံး သုညဒီဂရီကို ကျော်လွန်လေပြီး…
မမှတ်မိချင်ဆုံး က မိုးချုပ်မိုးလင်း နေ့ရက်တွေပါ…
နင့်စိတ်တွေက ၀င်းရိုးစွန်းတစ်ဘက်ကို လှမ်းကြည့်ချင်နေဆဲပါ..ဒိကဗျာ ရဲ့ ခေါင်းစဉ် လေးကို စဖတ်လိုက်ရတော့  အိမ်တောင်ပြန်ချင်သွားတယ် ကိုကြိး ဆက်ပိးတော့  အများကြိး ဖတ်ပိး အများကြိး အားပေးနေမယ် ။အများကြိး ရေးအုံးနော် ……………..း)
Comment #15
ကျေးဇူးပါ… ချစ်ညီလေး သူရ… အစ်ကိုကြီး ဆက်လက်ပြီး ကြိုးစားရေးနေမယ်…
Comment #1
အရမ်းကိုကောင်းပါတယ်အကိုကြီးးးးးးးးးးး
အားပေးသွားတယ်နော်
ကြိုက်လို့shareလိုက်တယ်နော်