အချစ်ကြီးခဲ့သူ (သို့) ဒဿလိုလူ
မုန်းနေမှန်းသိလျက်နဲ့
သိပ်ချစ်နေတယ်၊
မောင်းထုတ်လည်း မသွားနိုင်ဘူး..
နှင်လွှတ်လည်း မပြန်နိုင်ဘူး..
သံသရာအဆက်ဆက်က ဝဋ် အတွက်
မင်းကိုငါ ချစ်နေမှာပဲ….။
မင်းမတွေချင်မှန်းတော့ သိတယ်
ငါကမတွေ့ရ မနေနိုင် ဆိုတော့
စိတ်ဆိုးလည်း မတတ်နိုင်ဘူး
မင်းရှေ့ကို အမြဲရောက်မိတယ်..။
မရနိုင်မှန်းသိလည်း
ကြိုးစားနေ မိတယ်
မင်းချစ်မှ မဟုတ်ဘူး..
ငါ့ဘက်က ချစ်နေလဲ အချစ်ပဲလေ….။
ဒီစကားကို
မကြားချင်မှန်း သိတယ်
ဒါပေမယ့် မင်းလက်မခံလည်း
ငါ့ဘက်က အကြိမ်ကြိမ်ပြောပိုင်ခွင့်ရှိတယ်..။
ဒီလိုတွေ လုပ်နေရတာ
မင်းကိုချစ်လို့ပါ…။
တစ်ခါမက ပြောခဲ့လည်း
မင်းသိပ်ရက်စက်တယ်..။
ငါကြိုးစားနေတာအားလုံး
အဆုံးအထိ မင်းအတွက်ပဲ….။
အခုတော့ငါ့အဖြစ်က
မယ်သီတာကို လိုချင်ပေမယ့်
ရာမကိုမယှဉ်နိုင်တဲ့ ဒဿလို
မင်းကိုလိုချင်ပေမယ့်
မင်းရဲ့အမုန်းနဲ့မာနကိုပင်
မယှဉ်နိုင်လေတော့
နောက်ကွယ်မှာအောင်း
အလစ်ချောင်းပြီး
ရမယ်ထင် ဝင်ကြံတဲ့
ဒဿလိုပဲ ငါလဲ
အခွင့်သာမယ့် တစ်နေ့ကို
စောင်နေခဲ့တယ်……….။
ဇော်သက်ဦး
Comment #3
တော်တော်ဇွဲကောင်းတဲ့သူပဲ.။
အားပေးသွားပါတယ်…။
Comment #4
အခုတော့ငါ့အဖြစ်က
မယ်သီတာကို လိုချင်ပေမယ့်
ရာမကိုမယှဉ်နိုင်တဲ့ ဒဿလို
မင်းကိုလိုချင်ပေမယ့်
မင်းရဲ့အမုန်းနဲ့မာနကိုပင်
မယှဉ်နိုင်လေတော့
နောက်ကွယ်မှာအောင်း
အလစ်ချောင်းပြီး
ရမယ်ထင် ဝင်ကြံတဲ့
ဒဿလိုပဲ ငါလဲ
အခွင့်သာမယ့် တစ်နေ့ကို
စောင်နေခဲ့တယ်……….။
အဖြစ်တူတယ်….။
Comment #5
နောက်ကွယ်မှာအောင်း
အလစ်ချောင်းပြီး
ရမယ်ထင် ဝင်ကြံတဲ့
ဒဿလိုပဲ ငါလဲ
အခွင့်သာမယ့် တစ်နေ့ကို
စောင်နေခဲ့တယ်……….။
Comment #7
မုန်းနေမှန်းသိလျက်နဲ့
သိပ်ချစ်နေတယ်၊
မောင်းထုတ်လည်း မသွားနိုင်ဘူး..
နှင်လွှတ်လည်း မပြန်နိုင်ဘူး..
သံသရာအဆက်ဆက်က ဝဋ် အတွက်
မင်းကိုငါ ချစ်နေမှာပဲ….။
အချစ်ကြီးသူပီသပါပေတယ်….။
Comment #8
မင်းမတွေချင်မှန်းတော့ သိတယ်
ငါကမတွေ့ရ မနေနိုင် ဆိုတော့
စိတ်ဆိုးလည်း မတတ်နိုင်ဘူး
မင်းရှေ့ကို အမြဲရောက်မိတယ်..။
Comment #20
ဒီစကားကို
မကြားချင်မှန်း သိတယ်
ဒါပေမယ့် မင်းလက်မခံလည်း
ငါ့ဘက်က အကြိမ်ကြိမ်ပြောပိုင်ခွင့်ရှိတယ်..။
မိုက်တယ်…။
အားပေးသွားတယ်….။
Comment #27
ခံစားချက်ပြင်းပြင်းထန်ထန်လေးနဲ့ရေးထားတာပဲ…
မောင်လေး ဒီကဗျာလေးလည်း အမလည်းကြိုက်တရ်နော့… ထပ်ကူးသွားပြီ…
Comment #30
really nice,
really nice,
Comment #31
ဒဿလိုပဲ ငါလဲ
အခွင့်သာမယ့် တစ်နေ့ကို
စောင်နေခဲ့တယ်……
မှန်တယ် …………..
Comment #32
မောင်းထုတ်လည်း မသွားနိုင်ဘူး
နှင်လွှတ်လည်း မပြန်နိုင်ဘူး
သတ်လည်း အသေခံမယ် အဲ့လိုလားဗျ
အဲ့လောက်ထိတော့ စိတ်မကြီးသင့်ဘူး 🙂
ကဗျာလေး ကောင်းသဗျ
စကားလုံးခပ်စိတ်စိတ်နဲ့ အရေးအဖွဲ့ကတကယ်ကိုရသမြောက်တယ်
ခံစားအားပေးသွားပါတယ် ။
Comment #1
သံသရာအဆက်ဆက်က ဝဋ် အတွက်
မင်းကိုငါ ချစ်နေမှာပဲ….။
အားပေးသွားပါတယ်။