မရှိခြင်းများ အတွက်
ပြောကြကြေးဆိုရင်တော့
အမှတ်တရပေးခဲ့တဲ့
အပြုံးတစ်ခုက စရမှာပဲ..
မနီးမဝေး တိမ်တချို့
ခဏခဏပျို့အန်တတ်တဲ့ မိုးနဲ့
လက်ညှိုးထိုး ရောင်းစားတတ်တဲ့ လေပြေအေး
ငါ့ ဘေးနားက မောင်းချပေးကြပါ..
တာဝန်ကို လက်မှတ်လုပ်ပြီး
အချိန်မှန်မှန် ရောက်ရောက်လာတတ်တဲ့ ည
ကဗျာကိုလာလာကိုက်တတ်တဲ့ လောဘအကြောင်း
ကျိန်စာကောင်းကောင်း တစ်ခုလိုမယ်…
ငါ့နှလုံးသားကို
မျှားချသွားတဲ့ အကြည့်စူးတစ်စဟာ
ခုဆို ၁၂ ရာသီပန်းကုံးအတွက်
အလံတလက်ဖြစ်နေပေါ့…
ရှိနေဆဲ ရှိနေအုံးမယ် ကောင်မလေးရေ
နွေနဲ့ ဂဟေဆက်ပြီး
ပင်လယ်ကို ပြန်ပွက်တဲ့ နာရီမှာ
အဖြူရောင် ကျမ်းစာနဲ့စောင့်စမ်းပါ..
ငါ
မင်းအတွက်
ဆောင်းကိုစစ်ထားတဲ့ မြူပုဝါသက်သက်တထည်
လာဆက်လှည့်ပါမယ်….
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ရှိနေဆဲ ရှိနေအုံးမယ် ကောင်မလေးရေ
နွေနဲ့ ဂဟေဆက်ပြီး
ပင်လယ်ကို ပြန်ပွက်တဲ့ နာရီမှာ
အဖြူရောင် ကျမ်းစာနဲ့စောင့်စမ်းပါ..
ကောင်းတယ်ဗျာ..အားပေးသွားတယ်။