အပြုံး၌နွံနစ်ခြင်း…
“နွံ”နစ်နေခဲ့တာ ကြာခဲ့ပေါ့
“နစ်”စကတော့ ပတ်ဝန်းကျင်ကို
ခဏတော့မေ့ နာကျင်ရင်းနဲ့ပြုံးမိသလားပဲ..
နာကျင်လွန်းလာတော့
ငါကိုယ်တိုင်က ရုန်းချင်ပြန်တယ်
ဒီနွံဆိုတာ ကိုယ်တိုင်ရုန်းမှလွတ်တာမျိုး..
တစ်ခါတစ်လေတော့လဲ ရာဇ၀င်ဘက်
လမ်းကြောင်းတော့ဖောက်မိသေးတယ်
မယ်သီတာ ဒဿကို မချစ်ခဲ့တာသေချာရဲ့လားလို့..
ငါ့ချစ်ရတဲ့သူ..နင်ကရော
မယ်သီတာလို ကိုယ့်ရာဇ၀င်ကိုယ်
လှလှပပလေးညာသွားလေသလား..
တကယ်တော့
အခွင့်ရေးပေးခဲတဲ့လောကကြီးမှာ
အသုံးချတတ်ဖို့ပဲလိုတာပါ
ငါဖတ်ဖူးတဲ့ကဗျာထဲကလိုပေါ့…
အမရာလက်ဝါးထောင်ပြတာ
အသုံးမချတတ်တဲ့သူတွေက
အမရာနဲ့လွဲခဲ့ကြတယ်တဲ့
မင်းမဟော်သာ အသုံးချတတ်သူကြီးပေါ့
ငါကတော့ ကိုယ့်သွေးကြောင်မှုကို
ဂုဏ်ထုတ် ငါ့အချစ်က
ပိုင်ဆိုင်လိုခြင်း အလျင်းမရှိဘူးတဲ့..
ငါ့ရင်ထဲမှာတော့…
နင်မရှိတဲ့အရပ် အတွေးသက်သက်နဲ့တောင်
ငါတကယ် မနေချင်ခဲ့ဘူး….
ငါ့အတွက်ကတော့..
နင့်အပြုံးတွေတွေ့တိုင်း
ငါ့အမောတွေ
တစ်တောလုံးကြွေခဲ့တယ်လေ….
Comment #2
တကယ် heart ထိတယ်
Comment #3
ငါ့ရင်ထဲမှာတော့…
နင်မရှိတဲ့အရပ် အတွေးသက်သက်နဲ့တောင်
ငါတကယ် မနေချင်ခဲ့ဘူး….
ငါ့အတွက်ကတော့..
နင့်အပြုံးတွေတွေ့တိုင်း
ငါ့အမောတွေ
တစ်တောလုံးကြွေခဲ့တယ်လေ….
ခံစားချက်တွေတစ်ထပ်တည်းပဲ….အားပေးနေပါတယ်……..
Comment #1
အရမ်းကိုကောင်းပါတယ်။
ကဗျာတစ်ပုဒ်လုံး…ကြိုက်တယ်
အားပေးနေပါတယ်။ ငယ်လေး