ကျိန်စာသင့်နှလုံးသား
ခက်ထန်လွန်းတဲ့ အကြည့်
ပြင်းရှသော အမုန်း
စိမ်းကားသော စကားသံများနှင့်
မနွေးထွေးသော စိတ်ဝိညာဉ်၏စေလိုရာကို
နာခံခဲ့ရသော အမုန်းကျိန်စာသင့်နှလုံးသား
အနီရောင်သတ္တ၀ါလေးရဲ့ခုန်ပေါက်မှုဒဏ်ကို
ခုခံရန်အားထုတ်လိုက်သောအခါ
ငါ၏အသိအာရုံတို့တွင်
နူးညံ့သိမ်မွေ့သောအရာအား
ခံစားလိုက်ရခြင်းဖြင့် ကျေနပ်သွားရ၏
နှလုံးသားကို မေးခွန်းထုတ်သည်
ဦးနှောက်ကို စစ်ဆေးကြည့်သည်
ဦးနှောက်တွင်လည်းနှလုံးသားရှိသည်
သို့ သော် ကျိန်စာသင့်နေသည်
Comment #2
ခက်ထန်လွန်းတဲ့ အကြည့်
ပြင်းရှသော အမုန်း
စိမ်းကားသော စကားသံများနှင့်
မနွေးထွေးသော စိတ်ဝိညာဉ်၏စေလိုရာကို
နာခံခဲ့ရသော အမုန်းကျိန်စာသင့်နှလုံးသား
ကြိုက်တယ်
Comment #4
ကျေးဇူးကမ္ဘာပါဗျာ
Comment #5
so much nice,
really perfect,
both title & poem
Comment #1
နှလုံးသားကို မေးခွန်းထုတ်သည်
ဦးနှောက်ကို စစ်ဆေးကြည့်သည်
ဦးနှောက်တွင်လည်းနှလုံးသားရှိသည်
သို့ သော် ကျိန်စာသင့်နေသည်
ကောင်းတယ်..အားပေးသွားပါတယ်။