တစ်နေ့တော့
ဝေးခဲ့တာ ကြာပေါ့
နီးတုန်းက လည်း
ဘာမှ မပြောနိုင်ခဲ့ဘူး
ဝေးတော့ လည်း
မလွမ်းနိုင်ခဲ့ဘူး
ငါနင့်ကို ချစ်တယ်ဆို တာ
နင်သိတာ ငါသိတာ
လောက ဓမ္မတာ ဖြစ်ပေမယ့်
စောင့် ရမယ့်
စည်းတွေ ရှိလို့
ငါ့ စောင့်ထိန်းခဲ့တယ်
မြင် နေပေမယ့်
မကြည့်နိုင်ခဲ့ဘူး
ကြားနေပေမယ့်
နားမထောင်နိုင်ခဲ့ဘူး
သိ နေပေမယ့်
ဖွင့်မဟ နိုင်ခဲ့ဘူး
တစ်ဖက် က ငါခင်ရတဲ့
သူငယ်ချင်း
တစ်ဖက်က ငါချစ်ရတဲ့
မိန်းကလေး
ကံကြမ္မာက
ဖန်လာတော့လည်း
တိုက်တိုက် ဆိုင်ဆိုင်
မင်း ကို မှ ငါချစ်မိရတယ်လေ
ဒါကြောင့်ပြောတာ
လောက ကြီးက
ရတာမလို လိုတာမရ လို့
ဒါပေမယ့်
အတားအဆီးတွေကို
ကျော်လွှားနိုင်တဲ့တစ်နေ့
မရှိရင်တောင်မှ
နင်တို့ အတွက် ငါကျေနပ်စွာနဲ့
ငါဆုတောင်းပေးရမယ်လေ
ရပါတယ်လေ
ငါချစ်ရတဲ့သူနဲ့ ငါခင်ရတဲ့သူပဲ
ငါကြည် ဖြူရမှာပေါ့
ငါ မျှော်နေတဲ့
တစ်နေ့တော့ ဟာ
ဖြစ်လာမှာ မဟုတ်တော့ပါဘူး……..။
တစ်နေ့တော့…..။
Comment #4
oh…………..
what’s wrong?
anyway,i like ur kind-hearted poem.

Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
စိတ်ညစ်၇တယ်ဗျာ..
ကဗျာဖတ်ပြီး…
မြင် နေပေမယ့်
မကြည့်နိုင်ခဲ့ဘူး
ကြားနေပေမယ့်
နားမထောင်နိုင်ခဲ့ဘူး
အားပေးသွားပါတယ်။