မသေနိုင်သေးတဲ့…သက်ပြင်း………
စိတ်ချင်းဆက်လို့  လက်ချင်းယှက်ပေမယ့်လဲ
ဘ၀ချင်း ထပ်ဖို့ကျတော့ တို့တွေ……။။။
လိုအပ်ချက်အများကြီးကို ကျော်ဖြတ်နိုင်ဖို့
သတ္တိတွေ အချစ်နှစ်ခုပေါင်းတာတောင်
ထွက် ကျ မလာဘူးနော်…..။။။
စောင့်ကြည့်ခြင်းများစွာ ကြားထဲက
လွတ်လပ်မှုမရှိတဲ့ တို့ဘ၀တွေ
ကျေးဇူးတရား ပေါင်းများစွာကြားထဲက
တုတ်နှောင်ခံ ဘ၀…….။။။
ဘယ်တော့များမှ
ရနိုင်မှာလဲဆိုပြီး မျှော်တလင့်လင့်နဲ့ 
့ ရှာဖွေရင်း ပျောက်ခဲ့ရတဲ့ …..ပျော်ရွင်မှု ….. ။။။
တချိန်က စိတ်ကူးယဉ်ခဲ့ရတဲ့ ….. ဘဝ
လက်တွေ့ မှာတော့
အိပ်မက်ထဲက
ခါးသက်တဲ့ခံစားချက်တွေကြားထဲမှာ …… ဟူးးးးးးးးး….
အခုထိတို့ တွေ နိုးမထနိုင်သေးပါလား ………… ……….. …….. …..
…… ဒါပါပဲ…..
ခံစားချက်မပါတဲ့ သက်ပြင်း ဆိုတာရှိလို့လား
သေလောက်အောင် ခံစားရပေမယ့်
ဘယ် သက်ပြင်းမှ လူကိုအသေမသတ်ဘူး လေ…
ခပ်မျှင်းမျှင်းလေးတော့
ချန်ထားခဲ့တာပါပဲ..
ငါ့ရဲ့နောက်ဆုံးသက်ပြင်းကတော့ မင်းအတွက် ချန်ထားပါတယ်
လိုရင်သုံးပါချစ်သူ။။
……………… ……………. ………………. ……….. …….. …… … .. . .. … …… …….. ……….. …………… ……………
။။။။။
Comment #4
မိုက်တယ်…………အားပေးနေတယ်…….
Comment #1
ခပ်မျှင်းမျှင်းလေးတော့
ချန်ထားခဲ့တာပါပဲ..
ငါ့ရဲ့နောက်ဆုံးသက်ပြင်းကတော့ မင်းအတွက် ချန်ထားပါတယ်
လိုရင်သုံးပါချစ်သူ။။
အရမ်းကိုကောင်းပါတယ်။အားပေးသွားပါတယ်alone