အချစ်ဦး မို့ပါ
ကြိုးစားကြည့်တယ်
မေ့ဖျောက်ဖို့။
မဖြစ်နိုင်ခဲ့ဘူး…..
ရောက်တဲ့နေရာမှာ
သတိရမိတယ်….။
ဆုံးဖြတ်မိတယ်
လမ်းခွဲဖို့။
မစွမ်းနိုင်ခဲ့ဘူး…..
အဲမြဲဆိုသလို
လွမ်းနေမိတယ်…။
အားထုတ်ကြည့်တယ်
စွန့်လွှတ်ဖို့။
မအောင်မြင်ပြန်ဘူး…
စွန့်ပစ်ခံရတာတောင်
ချစ်နေတုန်းပဲ…။
ပြန်ဆုံချင်တယ်
ဝေးခဲ့သူနဲ့။
ပြန်မလာပြန်ဘူး…..
မျှော်နေသူသာ
တစ်နေတစ်ခြား ရူး….။
အဲဒီလိုတွေ
မင်းရက်စက်နေလည်း
ပက်သက်ခဲ့ဖူးတဲ့ ချစ်သူကို
ဘယ်လိုမှမေ့မရခဲ့ပါ..
ပြန်မလာချင်လည်းနေပါ
ငါပဲကြိတ်မှိတ်ခံစားပေးပါ့မယ်..။
(မမေ့ရက်ဘူး အချစ်ဦးရယ်…။)
ဇော်သက်ဦး
Comment #4
ကြိုးစားကြည့်တယ်
မေ့ဖျောက်ဖို့။
မဖြစ်နိုင်ခဲ့ဘူး…..
ရောက်တဲ့နေရာမှာ
သတိရမိတယ်….။
မောင်လေးကိုပြောခဲ့ဖူးသလိုပဲနော့.. အမအတွက်လည်း အဲလိုဖြစ်နေပါတရ်…
အရမ်းကောင်းတဲ့ကဗျာလေးတစ်ပုဒ်ပါ… အရမ်းကောင်းလို့ အင်း.. ခံစားချက်လည်းပါနေလို့…
အဲလိုကဗျာလေးမျိုး ” အချစ်ဦး ” ဆိုတဲ့အဓိပ္ပါယ်လေးတွေပါတဲ့
ကဗျာများများစပ်ပေးစေချင်တရ်…
Comment #13
hint,,,,,,,ya bu,,ya bu,,
if me,,,never,,,
come back.
come back right now.
come back at once.
that’s all.
Comment #14
hote de,
a chit u so tar mae loh ma ya bu.
he,,he,,
mae yin dot a ti be.
Comment #15
Super like
Comment #1
ဆုံးဖြတ်မိတယ်
လမ်းခွဲဖို့။
မစွမ်းနိုင်ခဲ့ဘူး…..
အဲမြဲဆိုသလို
လွမ်းနေမိတယ်…။
အားပေးသွားပါတယ်။